အမေရိကန်က တရုတ်ကို ယှဉ်ပြိုင်ရန် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့်ကဏ္ဍတွင် ဒေါ်လာဘီလျံနှင့်ချီ ရင်းနှီးမြှုပ်နှံမည်ကို ဂျပန်စိုးရိမ်နေ

အမေရိကန်က တရုတ်ကို ယှဉ်ပြိုင်ရန် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့်ကဏ္ဍတွင် ဒေါ်လာဘီလျံနှင့်ချီ ရင်းနှီးမြှုပ်နှံမည်ကို ဂျပန်စိုးရိမ်နေ

တရုတ်က တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုတွင် အသာစီးရမသွားစေရန် အဆိုပါလုပ်ငန်း၌ အမေရိကန်က ဒေါ်လာဘီလျံနှင့်ချီ၍ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်အား တစ်ချိန်က ယင်းပစ္စည်းအား ကမ္ဘာပေါ်တွင် အများဆုံး ထုတ်ခဲ့သည့် ဂျပန်နိုင်ငံက စိုးရိမ်လျှက်ရှိသည်။

ဂျပန်နိုင်ငံအနေဖြင့် ၎င်းတို့၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းဈေးကွက် ထက်ဝက်ကို ပိုင်ဆိုင်ထားရာမှ နှစ်ပေါင်း ၃၀ ကြာပြီးနောက် ၁၀ ပုံ ၁ ပုံသို့ ကျဆင်းသွားခဲ့သည်။ တန်ဖိုးနည်းနည်းဖြင့် ထုတ်လုပ်သည့် ပြိုင်ဖက်များကြောင့် အများဆုံး ထုတ်လုပ်သည့် နိုင်ငံအဖြစ်မှ ကျဆင်းသွားသည်။

ကုန်သွယ်ရေးစစ်ပွဲနှင့် လုံခြုံရေးအခြေအနေတို့ကြောင့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့သည် စမတ်ဖုန်းမှ ဒုံးကျည်များအထိ အသုံးပြုရသည့် ချစ်ပြားများကို ထုတ်လုပ်ရာတွင် ပြိုင်ဆိုင်လာကြသဖြင့် ဂျပန်နိုင်ငံအတွက် ခက်ခဲကြပ်တည်းလာမည်ကို ဂျပန်တာဝန်ရှိသူများက စိုးရိမ်လျှက်ရှိသည်။

“ကျွန်တော်တို့ အရင်လို ဆက်မလုပ်နိုင်တော့ပါဘူး၊ အနေအထားတွေက အများကြီး ပြောင်းသွားပြီ” ဟု ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးက အာဏရ LDP ပါတီအဖွဲ့ဝင်များအား မေလအတွင်းက ပြောကြားခဲ့သည်။ ဂျပန်အနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးတွင် ဦးဆောင်နိုင်ငံ မည်ကဲ့သို့ ဖြစ်လာနိုင်ကြောင်းကို ၎င်းတို့ပါတီက ပထမဆုံးအကြိမ်အဖြစ် ဆွေးနွေးခဲ့ကြသည်။

ကမ္ဘာ့ နည်းပညာသစ်နယ်ပယ်၌ နောက်ကျကျန်မည်ကို ဂျပန်က စိုးရိမ်ကြောင်း ဖော်ပြသည့် စီးပွားကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ယခုနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ၂၀၃၀ ပြည့်နှစ်မတိုင်မီ ဂျပန်နိုင်ငံ၏ ချစ်ပြားဈေးကွက်ရှယ်ယာ လုံးဝပျောက်ဆုံးနိုင်ကြောင်း ပြသထားသည်။

ဆီလီကွန်ဝေဇာ၊ ဓာတုဖလင်များနှင့် ထုတ်လုပ်မှု ယန္တရားများကဲ့သို့ ပစ္စည်းများအား ချစ်ပြားထုတ်လုပ်သူများထံ ရောင်းချနေသည့် ဂျပန်နိုင်ငံ၏ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများ၏ အနာဂတ်အတွက်လည်း စိုးရိမ်စရာ ဖြစ်လာသည်။

ထိုင်ဝမ်မှ Semiconductor Manufacturing Co Ltd (TSMC) ကဲ့သို့သော ချစ်ပြားထုတ်လုပ်ရေး ကုမ္ပဏီကြီးများကို အမေရိကန် နိုင်ငံက စွဲဆောင် သိမ်းသွင်းသွားမည်ကိုလည်း ဂျပန်တာဝန်ရှိသူများက စိုးရိမ်လျှက်ရှိသည်။

“ဘဏ္ဍာရေးအခြေအနေမှာ ဂျပန်အနေနဲ့ အမေရိကန်၊ အီးယူနဲ့ တရုတ်နိုင်ငံတို့ကို ယှဉ်ပြိုင်ဖို့ ခက်ခဲပါတယ်” ဟု ဂျပန်စီးပွားရေး ပြန်လည်တိုးတက်ရေးဆိုင်ရာဝန်ကြီးဟောင်းနှင့် ချစ်ပြားထုတ်လုပ်မှုတွင် ဂျပန်နိုင်ငံအား

နံပါတ်နေရာသို့ ပြန်လည်ရောက်ရှိရန် မျှော်မှန်းထားသူ LDP ပါတီခေါင်းဆောင် အာကီရာ အာမာရီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly