ရခိုင်မှာ Stay at Home အစီအစဉ် တစ်ပတ်ထပ်တိုးကြောင်း AA ထုတ်ပြန်

ရခိုင်မှာ Stay at Home အစီအစဉ် တစ်ပတ်ထပ်တိုးကြောင်း AA ထုတ်ပြန်

ဩဂုတ် ၁၉

ရခိုင်ပြည်နယ်တွင်း ကိုဗစ်ကူးစက်မှုများ သိသိသာသာလျော့ဆင်းလာသော်လည်း ကင်းစင်သွားရန်ကြိုးပမ်းမှုအဖြစ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က Stay at Home သတ်မှတ်ကာလကို နောက်ထပ်ရက်သတ္တပတ်တိုးမြှင့်လိုက်သည်။

ဩဂုတ်လ ၁၉ ရက်နေ့မှ သြဂုတ် ၂၅ ရက်နေ့ထိ အိမ်မှာနေရန်သတ်မှတ်ခြင်းတိုးမြှင့်ပြီး ရခိုင်မြို့နယ်အချို့တွင် ကိုဗစ်ပိုးတွေ့သူများရှိနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရက္ခိုင်တပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ULAu ကိုဗစ်ပိုးကူးစက်ပျံ့နှံ့နှုန်းနှင့် ကူးစက်ခံရသူများ သိသိသာသာကျဆင်းခြင်းသည် " အာရက္ခပြည်သူ၊ ပြည်သားများ မလိုအပ်သည့် အသွားအလာဆင်ခြင်မှုနှင့် နေအိမ်အတွင်းနေထိုင်မှုတွေရဲ့ အကျိုးရလဒ်တွေကြောင့်" ဟု ပြောထားသည်။

" ကိုဗစ်ကူးစက်ခံရမှုအန္တရာယ် လုံးဝနီးပါးမရှိသောအခြေအနေကိုရောက်ရန် Stay at Home ကာလကို အနည်းဆုံး တစ်ပတ်ခန့်နေထိုင်ရန် လက်ရှိကိန်းဂဏန်းများကညွှန်ပြနေသည်။" ဟုလည်း ပါရှိသည်။

ULA က ရခိုင်ပြည်တွင် Stay at Home ကာလသတ်မှတ်ရက်ကို ဇူလိုင်လ ၂၀ ရက်မှသည် ဩဂုတ်လ ၄ ရက်နေ့ထိ တစ်ကြိမ်၊ ဩဂုတ်လ ၄ ရက်နေ့မှ ၁၈ ရက်နေ့ထိတစ်ကြိမ် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly