ပါကစ္စတန်နိုင်ငံ ကရာချိတွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် ၁၀ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိ

ပါကစ္စတန်နိုင်ငံ ကရာချိတွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် ၁၀ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိ

ပါကစ္စတန်နိုင်ငံ ကရာချိခရိုင် ဘယ်ဒီယာမြို့ မာဝက်ချ်ဂို့ထိဧရိယာတွင် သြဂုတ်လ ၁၄ရက်က ကုန်တင်ကား တစ်စီးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် ကလေး ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကန ဦးစုံစမ်းစစ်ဆေးမှုများအရ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေးဌာန (CTD) မှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ရာဂျာကတ်တက်က အတည်ပြုထားသည်။ လက်ပစ်ဗုံးသည် ကား၏ ကမ်းပြင်နှင့် မထိမီ ပေါက်ကွဲခဲ့သည်ဟု Dawn သတင်းက ဖော်ပြခဲ့သည်။

ကနဦးစုံစမ်းစစ်ဆေးမှုများအရ တိုက်ခိုက်သူများသည် မော်တော်ဆိုင်ကယ်တစ်စီးဖြင့် လာရောက် တိုက်ခိုက် ခြင်းဖြစ်ကြောင်းဆိုသည်။

ဒေါက်တာရုဖက်အရပ်ဘက်ဆေးရုံသို့ အလောင်း ၁၀ လောင်းကို သယ်ဆောင်လာခဲ့ကြောင်း ရဲတွဲဖက်ခွဲစိတ်ဆရာဝန် ဒေါက်တာကွာရာအဘာစီက ဆိုသည်။ သေဆုံးသူများတွင် အမျိုးသမီး ၆ ဦး နှင့် ကလေး၄ ဦး တို့ပါဝင်သည်။

အခင်းဖြစ်ပွားရာတွင် ဒဏ်ရာရရှိသူ အခြား၁၀ ဦး ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သူက ပြောကြား ခဲ့သည်။ သေဆုံးသွားသော ကလေးငယ် ၄ ဦး စလုံးသည် အသက် ၁၀ နှစ်မှ ၁၂ နှစ်အကြား ယောကျာ်းကလေးများဖြစ် ကြောင်း ၎င်းက ပြောသည်။ (ANI)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly