ပြည်ပကစားသမား ၃ဦးသာခေါ်ခွင့်ရမည့်စနစ်ကို ၂၀၁၆ ဘောလုံးရာသီတွင်စတင်ကျင့်သုံးမည်

ပြည်ပကစားသမား ၃ဦးသာခေါ်ခွင့်ရမည့်စနစ်ကို ၂၀၁၆ ဘောလုံးရာသီတွင်စတင်ကျင့်သုံးမည်

ဒီဇင်ဘာ ၁၃၊ ရန်ကုန်။             ။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်ဘောလုံးရာသီတွင် နိုင်ငံခြားသားကစားသမားခေါ်ယူမှုကို ၄ဦးခေါ်ယူခွင့်ရမည်ဖြစ်သော်လည်း ကွင်းအတွင်း ၃ဦးသာကစားခွင့်ရမည့် စနစ်ကို စတင်ကျင့်သုံးမည်ဖြစ်သည်။

၂၀၀၉ခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲစတင်ချိန်က နိုင်ငံခြားသားကစားသမား ၅ဦးအထိခေါ်ခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် AFC Cup စည်းမျဉ်းအတိုင်း ၃+၁( အာရှ ကစားသမား တစ်ဦး+ပြည်ပကစားသမားသုံးဦး) စနစ်ကျင့်သုံးနေသည်။

“နိုင်ငံခြားသားကစားသမား လျှော့ချဖို့က အသင်းတွေဆန္ဒကိုမဲခွဲဆုံးဖြတ်ရာမှာ ၁၅ မဲနဲ့အသာရတဲ့အတွက် အတည်ဖြစ်ခဲ့တာပါ။ မြန်မာကစားသမားတွေနေရာရဖို့နဲ့ အသင်းတွေ စရိတ်လျှော့ချနိုင်ဖို့
မြန်မာနေရှင်နယ်လိဂ်တွင် လာရောက်ကစားနေသော ပြည်ပကစားသမားအများစုမှာ အာဖရိကန်ကစားသမားများဖြစ်ပြီး နောက်ပိုင်းနှစ်များတွင် ဘရာဇီးနှင့် ဥရောပကစားသမားများလည်း လာရောက်ကစားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly