ပျူစောထီးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဆန်စက်ပိုင်ရှင် မိသားစုနှင့်အဆက်သွယ်ပြတ်

ပျူစောထီးအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဆန်စက်ပိုင်ရှင် မိသားစုနှင့်အဆက်သွယ်ပြတ်

ဩဂုတ် ၁၈

မိုးညှင်းမြို့ရှိ ဆန်စက်ပိုင်ရှင်တစ်ဦးကို စစ်တပ်လက်အောက်ခံပျူစောထီးအဖွဲ့က သြဂုတ်လ ၁၅ ရက်နေ့တွင် ဖမ်းဆီးသွားရာ ယခုသတင်းပေးပို့ချိန်အထိ မိသားစုနှင့်အဆက်သွယ်ပြတ်တောက်နေသည်။

ကချင်ပြည်နယ်ရှိ မိုးညှင်းမြို့နယ် ဟိုပင်မြို့ ဂါတ်ကုန်းရပ်ကွပ်တွင် နေထိုင်သည့် ဆန်စက်ပိုင်ရှင် ဦးဌေးဌေးကို တနင်္ဂနွေနေ့မနက် ၂နာရီအချိန်ခန့်က အရပ်ဝတ်လက်နက်ကိုင်တစ်စုက ဖမ်းဆီးသွားခုဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဆန်စက်မှ မော်တော်ယာဉ်မောင်းတစ်ဦးကိုပါ ဖမ်းသွားပြီး ဆန်အိတ် ၁၀၀ ကျော်လည်း လုယူသွားခဲ့သေးသည်ဟု မိသားစုဝင်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဒေသခံများကတော့ လာရောက်ဖမ်းခေါ်သွားသူများသည် အကြမ်းဖက်စစ်ကောင်စီထောက်ပံ့ထားသော ပျူစောထီးများဖြစ်သည်ဟု ယုံကြည်နေကြသည်။

သို့သော် ဆန်စက်သူဌေး ဦးဌေးဌေးသည် အာဏာသိမ်းစစ်တပ်၏မဟာမိတ်ဖြစ်သော ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အမာခံထောက်ခံသူဖြစ်သည်ဟု သတင်းရင်းမြစ်ကပြောသည်။

ဟိုပင်မြို့ ဒေသခံများအနေဖြင့် မိုးညင်း - အင်းတော်ကြီး - မော်လူး - မော်ဟန် ဒေသများတွင် စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်စခန်းများတွင် တပ်ရိက္ခာနည်းပါးလာသည့်အတွက် ယခုလို ဆန်စက်ကြီးတစ်ခုမှ ဆန်များကို သိမ်းယူသွားတာဖြစ်နိုင်ကြောင်း အိမ်နီးချင်းများက မှတ်ချက်ပြုကြသည်။

ကချင်ပြည်နယ်ရှိ မိုးညှင်းမြို့နယ်ရှိ ဟိုပင်မြို့နှင့် မိုးကောင်းမြို့နယ်တွင် ဆန်စပါးမျိုးစုံ အများဆုံးထွက်ရှိတဲ့ နေရာဒေသများဖြစ်ပြီး ကုန်သည်အများစုက အဆိုပါမြို့များတွင် နေထိုင်ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly