နိုင်ငံတချို့မှာ ကိုဗစ်ရောဂါကာကွယ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာ

18 August 2021
နိုင်ငံတချို့မှာ ကိုဗစ်ရောဂါကာကွယ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာ

COVID-19 ကာကွယ်ဆေး အပြည့်ထိုးထားပြီးသား အမေရိကန်နိုင်ငံသားတွေအားလုံးကို နောက်ထပ် ဆေးတလုံး ထပ်ထိုးကြဖို့ သမ္မတ Joe Biden အစိုးရက တိုက်တွန်းသွားမှာဖြစ်တယ်လို့ အမေရိကန် သတင်းဌာနတွေက ရေးသား ထုတ်လွှင့်နေကြပါတယ်။ လက်ရှိမှာ ကူးစက်မှုမြင့်မားနေတဲ့ Delta ကိုဗစ်ဗီဇမျိုးကွဲ ကူးစက်မယ့်အန္တရာယ်ကနေ ပိုပြီးအကာအကွယ်ရစေဖို့ နောက်ထပ် ကာကွယ်ဆေးတလုံး ထပ်ထိုးဖို့ ရည်ရွယ်တာပါ။ အမေရိကန်နိုင်ငံသားတွေအနေနဲ့ ပထမဆေးနှစ်လုံး အပြည့်ထိုးပြီး ၈ လအကြာမှာ စွမ်းအားမြှင့်ထိုးဆေးအနေနဲ့ နောက်ဆေးတလုံးထပ်ထိုးသင့်တဲ့အကြောင်း ဖက်ဒရယ်အစိုးရ ကျန်းမာရေးတာဝန်ရှိသူတွေက ဒီသီတင်းပတ်ထဲမှာ ကြေညာမယ်လို့ ခန့်မှန်းထားပါတယ်။ တတိယဆေးတလုံး ထပ်ထိုးဖို့ Pfizer ဆေးကုမ္ပဏီက တင်ပြတာကို အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က အတည်ပြုပြီးတဲ့နောက် စက်တင်ဘာလထဲမှာ စွမ်းအားမြှင့် နောက်ထပ်ဆေးတလုံးကို စပြီးထိုးပေးဖွယ်ရှိပါတယ်။ ဒီစွမ်းအားဖြည့်ထိုးဆေးကို ပထမ ကာကွယ်ဆေးနှစ်လုံးကို စထိုးပေးခဲ့တုံးကလိုပဲ ကျန်းမာရေးလုပ်သားတွေ၊ သက်ကြီးရွယ်အိုဂေဟာတွေမှာ နေထိုင်နေကြသူတွေနဲ့ တခြား သက်ကြီးရွယ်အိုတွေကို ဦးစားပေးထိုးပေးသွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly