ပြင်သစ်နိုင်ငံတွင်ကျင်းပမည့် ယူရို ၂၀၁၆ ပြိုင်ပွဲအတွက် အုပ်စုပွဲစဉ်များထွက်ပေါ်

ပြင်သစ်နိုင်ငံတွင်ကျင်းပမည့် ယူရို ၂၀၁၆ ပြိုင်ပွဲအတွက် အုပ်စုပွဲစဉ်များထွက်ပေါ်

ဒီဇင်ဘာ ၁၃၊ ပဲရစ် ။              ။ ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူရို ယူ-၂၀၁၆ ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ပြင်သစ်တွင်ပြုလုပ်ခဲ့သည်။ အိမ်ရှင်ပြင်သစ် အသင်းသည် အုပ်စု (က)တွင် ရိုမေးနီးယား၊ အယ်လ်ဘေးနီးယား၊ ဆွစ်ဇာလန်တို့နှင့် တွေ့ဆုံနေသည်။

လက်ရှိချန်ပီယံ စပိန်အသင်းသည် အုပ်စု (ဃ)တွင် ချက်၊ တူရကီ၊ ခရိုအေးရှားတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

အင်္ဂလန်အသင်းသည် ခြေစွမ်းတိုးတက်လာသည့် ဗြိတိန်ပြိုင်ဘက်အသင်းတစ်သင်းဖြစ်သော ဝေးလ်အသင်းနှင့် တစ်အုပ်စုတည်းကျရောက် နေသည်။

ယင်းပွဲတွင် ဝေးလ်မှ ဂါရတ်ဘေးလ်၊ ရမ်ဆေးနှင့် အင်္ဂလန်မှ ရွန်နီ၊ စတာလင်းတို့၏ အားပြိုင်မှုကို တွေ့မြင်ရမည်ဖြစ်သည်။ အင်္ဂလန်နှင့် ဝေးလ်တို့မှာ အုပ်စု (ခ)တွင် ရုရှ၊ ဆလိုဗက်ကီးယားတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ဗြိတိန်အသင်းတစ်သင်းဖြစ်သည့် အိုင်ယာလန်သည် အုပ်စုကျပ်တစ်ခုဖြစ်သည့် အုပ်စု (င)တွင် ဘယ်လ်ဂျီယံ၊ အီတလီ၊ ဆွီဒင်တို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

အခြားဗြိတိန်အသင်းဖြစ်သည့် မြောက်အိုင်ယာလန်မှာ အုပ်စု (ဂ)တွင် ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီ၊ ယူကရိန်း၊ ပိုလန်တို့နှင့် တွေ့ဆုံနေသည်။

ယူရို ၂၀၁၆ ပြိုင်ပွဲကို ဇွန်လ ၁၀ ရက်မှ ဇူလိုင်လ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်သည်။

အုပ်စု (က)- ပြင်သစ်၊ ရိုမေးနီးယား၊ အယ်လ်ဘေးနီးယား၊ ဆွစ်ဇာလန်

အုပ်စု (ခ)- အင်္ဂလန်၊ ရုရှ၊ ဝေးလ်၊ ဆလိုဗက်ကီးယား

အုပ်စု (ဂ)- ဂျာမနီ၊ ယူကရိန်း၊ ပိုလန်၊ မြောက်အိုင်ယာလန်

အုပ်စု (ဃ)- စပိန်၊ ချက်၊ တူရကီ၊ ခရိုအေးရှား

အုပ်စု (င)- ဘယ်လ်ဂျီယံ၊ အီတလီ၊ အိုင်ယာလန်၊ ဆွီဒင်

အုပ်စု (စ)- ပေါ်တူဂီ၊ အိုက်စလန်၊ သြစတြီးယား၊ ဟန်ဂေရီ

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly