ဝိုင်းမော်မြို့တွင် စစ်ကောင်စီတပ်က တိုက်ခိုက်‌ရေးသုံး လေယာဉ်များ ပျံသန်းမောင်းနှင်၍ စစ်ရေးလှုပ်ရှား

ဝိုင်းမော်မြို့တွင် စစ်ကောင်စီတပ်က တိုက်ခိုက်‌ရေးသုံး လေယာဉ်များ ပျံသန်းမောင်းနှင်၍ စစ်ရေးလှုပ်ရှား

ဩဂုတ် ၁၇

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ စစ်ကောင်စီ၏ ခလရ ( ၅၈ ) တပ်ရင်းအနီးတစ်ဝိုက်၊ မြစ်ကြီးနား‌လေတပ်ဌာနချုပ်မှ စစ်တပ်သုံး ဂျက်တိုက်လေယာဉ်တစ်စီးနှင့် တိုက်ခိုက်ရေးလေယာဥ် တစ်စီးသည် ယနေ့နံနက်တွင် ပျံသန်းထောက်ကူပေးနေကြောင်း သိရသည်။

စစ်ရေးစတင်လှုပ်ရှားနေသည့် အာဏာသိမ်းစစ် ကောင်စီ၏ ခြေလျင်တပ်ရင်းတစ်ခုဖြစ်သည့် ခလရ( ၅၈ )တပ်ရင်းသည် နေ့စဉ်ရက်ဆက်ဆိုသလို ပုံစံမတူသည့် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေခြင်းဖြစ်သည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ဩဂုတ် ၁၇ ရက် ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က စစ်တပ်သုံး ရဟတ်ယာဥ်များက နန့်မြစ်ခချောင်းဖျားအတိုင်း ပျံသန်းနေခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

စစ်ရေးအရ လှုပ်ရှားမှုများ ရှိနေမည်ဖြစ်သည့်အတွက် ဝိုင်း မော်မြို့အခြေစိုက် ခလရ (၅၈) တပ်ရင်း အနီးရှိ မဒိန်ကျေးရွာမှ ဒေသခံပြည်သူများကို အာဏာသိမ်း စစ်ကောင်စီတပ်က ဩဂုတ် ၁၄ ရက်ကတည်းက ကျေးရွာအတွင်းမှ ပြောင်းရွေ့ကြရန် ညွှန်ကြားထားသည်။

ယမန်နေ့ သြဂုတ် ၁၅ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားအယောက် ၁၀၀ ကျော်က မဒိန်ကျေးရွာ - ဝူယာန်​ကျေးရွာ - ဝါ​ရှောင်​ကျေးရွာ ပြည်ထောင်စုလမ်းမကြီးအတိုင်း လမ်း​​လျှောက်ချီတက်​​နေကြကြောင်းလည်း မျက်မြင်တွေ့ရှိခဲ့ရသည့် ဒေသခံများကပြောသည်။

ယခုကဲ့သို့ စစ်ရေးလှုပ်ရှားလျှက်ရှိနေသည့် အမှတ် (၅၈) ခြေလျင်တပ်ရင်း အ​ခြေစိုက်ထားသော ဝိုင်း​မော်မြို့အတွင် ညစဉ်ညတိုင်း လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သည့်အသံများကို ကြား​နေရပြီး စစ်​ကောင်စီတပ်၏ ရမ်းသမ်း ပစ်ခတ်မှု​ကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required