မန္တလေးတွင် ဆန္ဒပြလူငယ်များနေထိုင်သည့်အိမ်ကိုဝင်ရောက်ရှာဖွေနေ၍ ဆက်စပ်သူများရှောင်ကြရန်တိုက်တွန်းထား

16 August 2021
မန္တလေးတွင် ဆန္ဒပြလူငယ်များနေထိုင်သည့်အိမ်ကိုဝင်ရောက်ရှာဖွေနေ၍ ဆက်စပ်သူများရှောင်ကြရန်တိုက်တွန်းထား

မန္တလေး ၊ဩဂုတ် ၁၆

မန္တလေးမြို့က ဆန္ဒပြလူငယ် ကိုကျော်သီဟအား ယနေ့ညပိုင်းတွင် အဖမ်းခံထားရပြီး ဆန္ဒပြလူငယ်များနေထိုင်ရာ အိမ်များကို စစ်တပ်ကဝင်ရောက်ရှာဖွေမှုများလုပ်နေကြောင်းသိရသည်။

ယနေ့ညပိုင်းမန္တလေးမြို့မှာ မိုးရွာနေပြီးစစ်တပ်မှဆက်တိုက်ဖမ်းဆီးမှုလုပ်နေခြင်းကြောင့် ဆန္ဒပြလူငယ်များလည်းရှောင်တိမ်းနေရကြောင်းသိရသည်။

ကိုကျော်သီဟနှင့်ဆက်စပ်နေအိမ်တချို့ကိုလည်း ဆက်တိုက်ဝင်ရောက်နေပြီး နီးစပ်သူများရှောင်ကြရန် သပိတ်တွင်ပါဝင်သူများကဆိုသည်။

မန္တလေးမြို့တွင် လူငယ်များအားစစ်တပ်ကဖမ်းဆီးမှုဆက်တိုက်ပြုလုပ်နေပြီး ယနေ့ညပိုင်းတွင် သေနတ်ပစ်ခတ်သံတချို့ကြားနေရကြောင်း မြို့ခံများထံမှသိရသည်။

မနက်၄နာရီမှ ၉နာရီအထိ ညနေ၃နာရီခွဲမှ ၆နာရီခွဲအထိသာ အပြင်ထွက်ခွင့်ပြုထားသည့် မန္တလေးမြို့မှာ စစ်တပ်က အရပ်ဝတ် အိမ်စီးကားများ၊ယူနီဖောင်းဝတ်စစ်ကားများဖြင့်ပါ လက်နက်အပြည့်အစုံဖြင့်လှည့်လည်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly