အိန္ဒိယက Pfizer ကုမ္ပဏီမှ ကိုဗစ် ကာကွယ်ဆေး သန်း ၅၀ ဝယ်ယူရန် ဆွေးနွေးနေ

အိန္ဒိယက Pfizer ကုမ္ပဏီမှ ကိုဗစ် ကာကွယ်ဆေး သန်း ၅၀ ဝယ်ယူရန် ဆွေးနွေးနေ

အိန္ဒိယအစိုးရက Pfizer Inc ကုမ္ပဏီနှင့် ၎င်း၏ ဂျာမနီနိုင်ငံမှ မိတ်ဖက်ကုမ္ပဏီ BioNTech SE တို့ထံမှ ကိုဗစ်ကာကွယ်ဆေး လုံးရေ သန်း ၅၀ ကို ဝယ်ယူရန် ဆွေးနွေးလျှက်ရှိကြောင်း ယင်းအစီအစဉ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောကြားသည်။

Pfizer ကုမ္ပဏီနှင့် အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနတို့က အဆိုပါ အစီအစဉ်အပေါ် ထုတ်ပြန်ထားခြင်းမရှိသေးသလို ဆေးကုမ္ပဏီကလည်း ၎င်းတို့၏ ကာကွယ်ဆေးကို အိန္ဒိယတွင် အသုံးပြုနိုင်ရန် ခွင့်ပြုချက်တောင်းခံထားခြင်း မရှိသေးပေ။

ယခုနှစ်အစောပိုင်းက ကမ္ဘာပေါ်တွင် ကိုဗစ်ကာကွယ်ဆေးအများဆုံး ထုတ်လုပ်သည့် နိုင်ငံများတွင် ပါဝင်သော အိန္ဒိယသည် Serum Institute of India မှ ထုတ်လုပ်သည့် AstraZeneca ကာကွယ်ဆေးနှင့် Bharat Biotech ၏ ပြည်တွင်းထုတ် ကာကွယ်ဆေးများကိုသာ အားထားနေရသည်။

အိန္ဒိယအခြေစိုက် Biological E. Ltd နှင့် သဘောတူစာချုပ် ချုပ်ဆိုထားသည့် Johnson & Johnson နှင့်လည်း ယခုလမှစတင်၍ ကာကွယ်ဆေး သန်း ၆၀၀ ထုတ်လုပ်ရန် အစိုးရတာဝန်ရှိသူများက ဆွေးနွေးမှုများ တိုးတက်ကောင်းမွန်နေကြောင်း the Journal သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်လအတွင်းက Johnson & Johnson ၏ တစ်လုံးထိုး ကာကွယ်ဆေးများကို အရေးပေါ် အသုံးပြုခဲ့ရသလို AstraZeneca၊ Bharat Biotech၊ ရုရှားနိုင်ငံမှ Gamaleya Institute နှင့် Moderna တို့မှ ကာကွယ်ဆေးများကို အသုံးပြုခွင့်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly