ကွယ်လွန်သူ ကဗျာဆရာကြီး အောင်ချိမ့်အတွက် ရက်လည်ဆွမ်းကပ်

ကွယ်လွန်သူ ကဗျာဆရာကြီး အောင်ချိမ့်အတွက် ရက်လည်ဆွမ်းကပ်

မဇ္ဈိမ/ သြဂုတ်လ၁၆ ရက်

ကွယ်လွန်သူ ကဗျာဆရာကြီး အောင်ချိမ့်အတွက် ကျန်ရစ်သူမိသားစုနှင့် မိတ်ဆွေများက သြဂုတ် ၁၅ ရက် မနက်ပိုင်းတွင် ရက်လည်ဆွမ်းကပ်လှူခဲ့ကြသည်။

ကဗျာဆရာကြီး အောင်ချိမ့်နှင့်ပတ်သက်ပြီး အမှတ်တရများ၊ ကဗျာရွတ်ဖတ်ခြင်းများကိုလည်း ဆရာအောင်ချိမ့်၏ ဇနီးနှင့် ကဗျာအသိုင်းအဝိုင်းမှ မိတ်ဆွေများက ပြုလုပ်ခဲ့ကြကြောင်း ကဗျာဆရာသမဂ္ဂဥက္ကဋ္ဌ ဦးမိုးကျော်သူက ပြောသည်။

“ဆရာသစ္စာနီက အခမ်းအနားမှူးလုပ်ပြီး ပထမဆုံး ဆရာ့ဇနီး ဒေါ်ညွန့်ညွန့်သိန်းက ဆရာ့အကြောင်းအနည်းငယ်နဲ့ သူရေးထားတဲ့ကဗျာဖတ်ပါတယ်။ ဆရာသစ္စာနီက ချိမ့်နှင့်သူဖြတ်သန်းခဲ့သမျှ ခေါင်းစဉ်နဲ့ ပြောကြားပါတယ်” ဟု ပြောသည်။

ထင်ရှားသည့် ကဗျာဆရာကြီး အောင်ချိမ့်သည် ဩဂုတ် ၉ ရက် ည ၈ နာရီ ၁၂ မိနစ်အချိန်က ရန်ကုန်မြို့နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ၎င်း ကွယ်လွန်သွားသည့်အပေါ် ဝမ်းနည်းကြေကွဲကြောင်း ပရိသတ်များစွာတို့က လူမှုကွန်ယက်ပေါ်တွင် ရေးသားဖော်ပြခဲ့ကြသည်။

ကဗျာဆရာကြီး အောင်ချိမ့်၏ နာမည်အရင်းမှာ ဦးကျော်သန်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် ၇၄ နှစ်ရှိပြီပြီး ၁၉၄၈ ခုနှစ် မေလ ၁ ရက်တွင် ရန်ကုန်မြို့ ကျောက်မြောင်း၌ သူ့ကို မွေးဖွားခဲ့သည်။

ဆရာကြီး အောင်ချိမ့်၊ မောင်ချောနွယ်၊ ဖော်ဝေးတို့ သုံးဦးရေးသားခဲ့သည် သစ်ရွက်အသေများပေါ်က ရက်စက်သော ဂီတမှာ အထူးထင်ရှားသော ကဗျာစာအုပ်ဖြစ်ပြီး ဂန္တဝင် မမ၊ ခင်ခင်ပျိုရေ စောင့်ခဲ့တယ်နှင့် အသည်းစွဲ ကဗျာဆရာ တို့သည် ဆရာကြီးအောင်ချိမ့်၏ ထင်ရှားသော ကဗျာအချို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly