မကွေးတိုင်း မြို့သစ် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ဗုံးပေါက်ကွဲ

By The Nation Voice
16 August 2021
မကွေးတိုင်း မြို့သစ် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ဗုံးပေါက်ကွဲ

ဩဂုတ် ၁‌၆

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဩဂုတ်လ ၁၅ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

"ဗုံးပေါက်သံ သုံးချက်ကြားလိုက်ရတယ်၊ နေရာအတိအကျတော့မပြောတတ်ဘူး မြို့ထဲမှာပဲအသံကတော်တော်ကျယ်တယ်" ဟု ဒေသခံတစ်ဦးမှဆိုသည်။

ယင်းပေါက်ကွဲမှုမှာ ဗိဿနိုး နယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဗုံးပေါက်ကွဲပြီး နာရီပိုင်းအတွင်းဗိဿနိုးPDFမှ ထုတ်ပြန်သည်။

၎င်းထုတ်ပြန်ချက်တွင် "မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသည် ပြည်သူများထံမှ မီတာခ အတင်းအကြပ် ကောက်ခံနေခြင်းကြောင့်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးအား

သြဂုတ်လ ၁၅ရက်နေ့ ည ၈နာရီ ၂၀ မိနစ် မှာ ဗုံးခွဲ သတိပေးခဲ့‌ကြောင်း ဗိဿနိုး နယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ သတိပေးစာထုတ်ပြန် ခဲ့သည်"ဟု ဖော်ပြထားသည်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ပြည်သူများအား မီတာခကောက်ခံနေမှုကို ရပ်တန့်ရန်နှင့် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးကို ဗုံးခွဲသတိပေးခဲ့ပြီး တာဝန်ရှိသူများအ‌နေဖြင့် ဆက်လက်ကောက်ခံနေပါက Non CDM ဝန်ထမ်းများ၊ ၎င်းရဲ့မိသားစုဝင်များနှင့် ဆက်စပ်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအား လုံးဝ တာဝန်ယူမည်မဟုတ်ဟု ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required