ကိုဗစ်ရောဂါကူးစက်ခံနေရသည့် NLDပါတီဝင်ကို စစ်ကောင်စီက ဖမ်းဆီး

By The Nation Voice
15 August 2021
ကိုဗစ်ရောဂါကူးစက်ခံနေရသည့် NLDပါတီဝင်ကို စစ်ကောင်စီက ဖမ်းဆီး

ဩဂုတ် ၁၅

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် ကိုဗစ်ရောဂါကူးစက်ခံနေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၀င်တစ်ဦးကို စစ်ကောင်စီက ဩဂုတ် ၉ ရက်နေ့လည်ပိုင်းက လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

NLD ရပ်ကျေးအမှုဆောင်ဖြစ်သူ ဦးတင်မောင်လွင်သည် ကိုဗစ်ရောဂါ ကူးစက်ခံထားရပြီး ဇနီးဖြစ်သူမှာလည်း ကိုဗစ်ရောဂါဖြင့် သေဆုံးခဲ့ရသည်။

" သူ့က ပုဒ်မ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရတဲ့သူ၊ လာဖမ်းတာက အရပ်ဝတ်နဲ့ လက်နက်အပြည့်အစုံနဲ့ အင်အား ၁၅ ယောက်လောက်က လာပြီး စစ်ဆေးစရာရှိလို့ဆိုပြီး ဖမ်းဆီးသွားတယ်။ သူ့မိန်းမကလည်း ကိုဗစ်နဲ့ ဆုံးသွားတယ်။ သူ့ကလည်း ကိုဗစ်ဖြစ်နေတယ် " ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ဦးတင်မောင်လွင်သည် ပါတီ၏ ရပ်ကျေးအလုပ်မှုဆောင်အဖြစ်တာဝန်ယူထားသူဖြစ်သည်။ လက်ရှိတွင် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေပြီး မကျန်းမာနေသည့်အတွက် စိတ်ပူပန်နေရသည်ဟု မိသားစုဝင်များက ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required