စစ်ကောင်စီတပ်များ အကြောင်းမဲ့ပစ်ခတ်မှု့ကြောင့် သားအဖနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ

စစ်ကောင်စီတပ်များ အကြောင်းမဲ့ပစ်ခတ်မှု့ကြောင့် သားအဖနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ

ကန်ပက်လက် ဩဂုတ်- ၁၅

ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်တွင် (ယနေ့) ဩဂုတ်၁၅ ရက် ၁၁ခွဲ ဝန်းကျင်တွင် စစ်ကောင်စီတပ်များမှ အကြောင်းမဲ့ရမ်းပစ်ခတ်မှုကြောင့် သားအဖနှစ်ဉီးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

''ကံသာရုံရွာမှာနေတဲ့သားအဖတွေလို့သိရတယ်။တပ်တွေကရမ်းပစ်တော့ထိချင်ရာထိကြတာထင်တယ်။သူတို့ကအိမ်ထဲမှာပဲနေနေတာကိုကျည်ဆံလာမှန်တာ။နဲနဲတော့စိုးရိမ်ရတယ်။ကလေးလေးက အသက်၂နှစ်အရွယ်ပဲရှိသေးတယ် လည်ဂုတ်မှာကျည်ဆံထိတယ်။သူ့အဖေကတော့ ဗိုက်မှာလည်းထိတယ်၊ခြေ လက်တွေမှာလည်းဒဏ်ရာပြင်းထန်စွာရပြီးအခု ကန်ပက်လက်ဆေးရုံမှာရောက်နေကြတယ်''ဟု ဒေသခံတစ်ဦးကပြောသည်။

ယခုအခါအဆိုပါဒဏ်ရာရသားအဖနှစ်ဦးရရှိထားသောဒဏ်ရာမှာပြင်းထန်သဖြင့် ကန်ပက်လက်ဆေးရုံတွင်ကုသရန်ခက်ခဲသဖြင့် မကွေးပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ရန်စီစဉ်လျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၆ရက်နေ့ ည၈နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်များလက်နက်ကြီးများဖြင့်ပစ်ခတ်မှု့ကြောင့် လူနေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများထိခိုက်ပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required