အင်းလေးဒေသရှိ ပြည်သူများအနေဖြင့် စစ်အုပ်စုအား ဖြုတ်ချရန် ပူးပေါင်းပါဝင်ပေးကြဖို့ အင်းအမျိုးသားကာကွယ်ရေးတပ် တိုက်တွန်း

အင်းလေးဒေသရှိ ပြည်သူများအနေဖြင့် စစ်အုပ်စုအား ဖြုတ်ချရန် ပူးပေါင်းပါဝင်ပေးကြဖို့ အင်းအမျိုးသားကာကွယ်ရေးတပ် တိုက်တွန်း

ဩဂုတ် ၁၅

အင်းလေးဒေသရှိ ပြည်သူများအနေဖြင့် စစ်အုပ်စုအား ဖြုတ်ချဖို့အတွက် ပူးပေါင်းပါဝင်ပေးကြဖို့ အင်းအမျိုးသားကာကွယ်ရေးတပ်(INDF) က ယမန်နေ့ ဩဂုတ်လ ၁၄ရက် ညပိုင်းက တိုက်တွန်း ထုတ်ပြန်သည်။

အင်းလေးဒေသရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် လုံခြုံရေးကို ထိခိုက်နှောက်ယှက်သည့် မည်သည့်အဖွဲ့အစည်းကို မဆို ပြန်လည်တိုက်ခိုက်ခုခံသွားမည်ဖြစ်ကြောင်း ကြေညာသည်။

အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကို ဆန့်ကျင်သည့် အဖွဲ့များနှင့်လည်း ချိတ်ဆက်၍ ဟန်ချက်ညီသော နိုင်ငံရေး ၊ စစ်ရေးတိုက်ပွဲများကို စနစ်တကျ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly