မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက်ရုံးတွင် ဆယ်အိမ်မှူး သေနတ်ပစ်ခံရ

မင်္ဂလာဒုံမြို့နယ် ကြံခင်းစုရပ်ကွက်ရုံးတွင် ဆယ်အိမ်မှူး သေနတ်ပစ်ခံရ

ဩဂုတ် ၁၄

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစု ရပ်ကွက်ရုံးအတွင်း သေနတ်ပစ်ခတ်မှု ယနေ့ နေ့လယ် ၁ နာရီတွင် ဖြစ်ပွားခဲ့ပြီး လူနှစ်ဦးထိမှန်ကြောင်း သိရသည်။

“သေနတ်သံ ခြောက်ချက်လောက် ဆက်တိုက်ကြားလိုက်ရတယ်ဗျ၊ တစ်ယောက်က မျက်လုံးနဲ့ ခြေထောက်ကိုထိတယ်၊ နောက်တစ်ယောက်က ရင်ဘက်ထိတယ်လို့ကြားတယ်” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးကဆိုသည်။

ဦးခေါင်းသေနတ်ထိမှန်သူသည် ဆယ်အိမ်မှူးဖြစ်သူ ဦးအောင်မော် ဖြစ်ကြောင်း ‌ရပ်ကွက်နေ ပြည်သူတစ်ဦးက အတည်ပြုပြောကြားသည်။

လက်ရှိအချိန်တွင် အခင်းဖြစ်ပွားရာ ရပ်ကွက်ရုံးဝန်းကျင်၌ စစ်ကောင်စီတပ်သားများက စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း သိရသည်။

ထပ်မံ၍ အတည်ပြုချက် ရယူရန် မဇ္ဈိမက ကြိုးစားသွားမည် ဖြစ်သည်။

COVID -19 တတိယလှိုင်းပြင်းထန်ပြီး အလုပ်လက်မဲ့ဖြစ်နေချိန် မိသားစုစားဝတ်နေရေး အခက်အခဲကြောင့် အလံထောင်ကာ အကူအညီတောင်းသည့် ကြံခင်းစုရပ်ကွက်က နေအိမ်များအား စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဖြစ်သည့် အသက် ၄၀ အရွယ် ဦးစိုးဝင်းကခေါ်ယူကြိမ်းမောင်းမှု ဇူလိုင် ၃၀ ရက်က ဖြစ်ပွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly