၄၄ လမ်း လူသတ်တရားခံဟာ အကြမ်းဖက်စစ်ဝါဒပဲ… (ဆောင်းပါး)

14 August 2021
၄၄ လမ်း လူသတ်တရားခံဟာ အကြမ်းဖက်စစ်ဝါဒပဲ… (ဆောင်းပါး)

 

ရန်ကုန်မြို့၊ ပုဇွန်တောင်၊ ၄၄ လမ်းမှာ စစ်အုပ်စုလက်နက်ကိုင်တွေ ဝင်ရောက်ဖမ်းဆီးရာက လူငယ် ငါးဦး တိုက်အောက်ကျပြီး သေတဲ့ဖြစ်ရပ် သြဂုတ်လ ၁၀ ရက်က ဖြစ်ခဲ့ပါတယ်။ သေဆုံးသူတွေဟာ အသက် ၂၀ ကျော် ပတ်ချာလည် အမျိုးသား လေးဦးနဲ့ အမျိူးသမီး တစ်ဦးတို့ ဖြစ်ပါတယ်။ ဒီလူငယ်အာဇာနည်ငါးဦး သေဆုံးရမှုအတွက် တစ်နိုင်ငံလုံးက စုတ်သပ်ကြ၊ ဝမ်းနည်းကြ၊ ဒေါသထွက်ကြနဲ့ ဖြစ်ကုန်ကြပါတယ်။ ကြွေလွင့်သွားတဲ့ လူငယ် ငါးဦးဟာ စစ်အုပ်စုလက်နက်ကိုင်ဆီ အညံမခံချင်တာကြောင့် ကိုယ့်ဘာသာ တိုက်ပေါ်က ခုန်ဆင်းပြီး တော် လှန်ရေးသမားစိတ်ကို ပြတ်ပြတ်သားသား ပြသွားတာ ဖြစ်ဖြစ်၊ စစ်အုပ်စုလက်ချက်နဲ့ပဲ တိုက်ပေါ်က ကျပြီး လူမဆန်စွာ သေဆုံးရတာပဲ ဖြစ်ဖြစ် နွေဦးတော်လှန်ရေးလူငယ် ငါးဦး ကြွေလွင့်ဆုံးရှုံးခဲ့ရပါပြီ။ ဘယ်လိုပုံနည်းနဲ့ အသက်ပေးခဲ့ရသည်ဖြစ်စေ၊ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ ပယောဂကြောင့် ဖြစ်စေ ဒီလူငယ်တွေရဲ့ သေဆုံးမှုဟာ နွေဦးတော်လှန်ရေးအတွက် ပေးဆပ်မှု၊ လူသတ်အကြမ်းဖက် စစ်အာဏာယန္တရားရဲ့ ကြိတ်ချေချက်ကြောင့်သာ ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ထားဖို့ လိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly