မန္တလေး စိန်ပန်းရပ်ကွက်က ကြံ့ခိုင်ရေး ပါတီဝင် တစ်ဦး ခေါင်းကို သေနတ်ပစ်ခံရ

မန္တလေး စိန်ပန်းရပ်ကွက်က ကြံ့ခိုင်ရေး ပါတီဝင် တစ်ဦး ခေါင်းကို သေနတ်ပစ်ခံရ

ဩဂုတ်-၁၃

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ် စိန်ပန်းရပ် ၄၁ လမ်း၊ လမ်း ၉၀ နဲ့ ၉၁လမ်းကြားမှာ ဩဂုတ် ၁၃ ရက်၊ည ၇ နာရီခန့် က ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ခေါင်းကို သေနတ်နဲ့ ပစ်ခံရတယ်လို့ သိရပါတယ်။

"အပစ်ခံရသူက ကြံ့ခိုင်ရေးပါတီဝင်ပဲ။ လူနာတင်ကားနဲ့ ဆေးရုံကိုတော့ ပို့လိုက်တာတော့တွေ့တယ်။"လို့ စိန်ပန်းရပ်ကွက်နေ ဒေသခံတစ်ဦး က ပြောပါတယ်။

လမ်းဘေးမှာ ခွေးတွေကို အစားကျွေးနေစဥ် အမျိုးသားနှစ်ဦးက လာရောက် ပစ်ခတ်သွားတာဖြစ်ပြီး ဦးခေါင်း ရှပ်ထိဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိ မန္တလေး ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ရောက်လာပြီး စိန်ပန်းရပ်ကွက်ထဲကို ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required