မန္တလေးထောင်တွင်း ရှစ်လေးလုံးဆန္ဒပြမှုတွင် ပါဝင်သူ နိုင်ငံရေးအကျဉ်းသား ၄၀နီးပါးတိုက်ပိတ်ခံရ

မန္တလေးထောင်တွင်း ရှစ်လေးလုံးဆန္ဒပြမှုတွင် ပါဝင်သူ နိုင်ငံရေးအကျဉ်းသား ၄၀နီးပါးတိုက်ပိတ်ခံရ

မန္တလေး/သြဂုတ်လ ၁၂ ရက်

မန္တလေးဗဟိုအကျဉ်းထောင်အတွင်း သြဂုတ်လ ၈ ရက်နေ့က ဆန္ဒပြမှုတွင်ပါဝင်ခဲ့သူ နိုင်ငံရေးအကျဉ်းသား ၃၈ဦးကို တိုက်ပိတ်ထားကြောင်း အကျဉ်းဦးစီးဌာနနှင့်နီးစပ်သောသတင်းရပ်ကွက်များအရ သိရသည်။

သြဂုတ်လ၈ရက်နေ့ညပိုင်းက ရှစ်လေးလုံးအထိမ်းအမှတ် အာဏာရှင်ပြုတ်ကျရေးဆန္ဒပြကြွေးကြော်မှုများ အိုးဘိုအကျဉ်းထောင်တွင်ပြုလုပ်ခဲ့ပြီးသည့်နောက် ထောင်အတွင်းတရားခွေဖွင့်ကာ ခေါင်းဆောင်တစ်ချို့ကိုရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

"လူ ၃၈ ယောက်လောက်ကိုတိုက်ပိတ်ထားတယ်။ ၁၄ ရက်ပိတ်မယ်လို့သိရတယ် "ဟု အကျဉ်းဦးစီးဌာနနှင့်နီးစပ်သူတစ်ဦးကဆိုသည်။

အိုးဘိုအကျည်းထောင်အတွင်းအဆောင်(၃)မှ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီးအဆိုပါအဆောင်သည် နွေဦးတော်လှန်ရေး၌ဖမ်းဆီးခံခဲ့ရသည့်အကျဉ်းသားများကိုသာ သီးသန့်ထားသည့်အဆောင်ဖြစ်ကာ အကျဉ်းသား ၇၀၀ခန့်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly