ပိုလန်တွင် လေယာဉ်အချို့၏ ကွန်ပြူတာစနစ်အား ဟက်ကာတိုက်ခိုက်ခံရ၍ ခရီးသည် ၁၄၀၀ ခန့် သောင်တင်ခဲ့

ပိုလန်တွင် လေယာဉ်အချို့၏ ကွန်ပြူတာစနစ်အား ဟက်ကာတိုက်ခိုက်ခံရ၍ ခရီးသည် ၁၄၀၀ ခန့် သောင်တင်ခဲ့

ပိုလန်နိုင်ငံ အမျိုးသားလေကြောင်းလိုင်း LOT မှ လေယာဉ်တစ်ချို့တွင် မြေပြင်ဆင်းသက်ကွန်ပြူတာစနစ်အတွင်းသို့ ဟက်ကာ ထိုးဖောက်ဝင်ရောက်ခံရသဖြင့် ခရီးသည် ၁၄၀၀ ခန့် ခရီးစဉ်များပျက်ကာ သောင်တင်ခဲ့သည်။

ကွန်ပြူတာစနစ်များသို့ နေ့လည်ပိုင်းအချိန်က ဟက်ကာဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ငါးနာရီကြာ မြင့်ခဲ့သည်။ ဝါဆောရှိ အိုကီစီလေဆိပ်တွင် ပျံသန်းမည့် လေယာဉ်များ၏ ကွန်ပြူတာများသို့ ပစ်မှတ်ထား ဟက်ကာဝင်ရောက် ခဲ့ခြင်းဖြစ်ပြီး  ပြည် တွင်းနှင့် နိုင်ငံတကာ လေကြောင်းပျံသန်းမှု ခရီးစဉ် ၁၀ ခု ပျက်သွားခဲ့ကာ ခရီးစဉ်နှောင့်နှေးခဲ့မှုများ ဒါဇင်ချီဖြစ်ပွား ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ အက်ဒရိန်းကူဘစ်ကီကပြောသည်။

LOT က ခရီးသည်တစ်ချို့လည်း အစားထိုးလေယာဉ်များဖြင့် ခရီးဆက်စေခဲ့ပြီး ကျန်ရစ်ခရီးသည်များအတွက် ညအိပ်နေရန် အတွက် ဟိုတယ်များကိုလည်း စီစဉ်ပေးခဲ့ကြောင်း LOT က ပြောသည်။ Dusseldorf ၊ Hamburg နှင့် ကိုပင်ဟေဂင်သို့ ပျံသန်း မည့်လေယာဉ်များနှင့် ပိုလန်မြို့များသို့ ပျံသန်းမည့် လေယာဉ်များ ဟက်ကာတိုက်ခိုက်ခံရခြင်းဖြစ်သည်။

ခရီးစဉ်ပျံသန်းဆဲလေယာဉ်များနှင့် လေဆိပ်တို့တွင် ယင်းသို့ ကြုံတွေ့ရနိုင်မနိုင် မသေချာသေးသော်လည်းဟု ဆိုသည်။

”ကျွန်တော်တို့ လေယာဉ်မှာသုံးတဲ့ ကွန်ပြူတာစနစ်က အဆင့်မြင့်စနစ်ပါ။ ဒါကို တိုက်ခိုက်ခံရတယ်ဆိုတော့ အခြားလေယာဉ် ပျံသန်းမှုတွေမှာ တိုက်ခိုက်ခံရနိုင်ခြေတွေ ရှိနေပါတယ်။” ဟု ကူဘစ်ကီကပြောခဲ့သည်။

ယခုဟက်ကာတိုက်ခိုက်မှု၏ ရင်းမြစ်ကို မသိရသေးဘဲ လေဆိပ်အာဏာပိုင်များက တိုက်ခိုက်မှုကို စစ်ဆေးလျက်ရှိနေသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly