ဩဂုတ်-၁၂
မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်အတွင်းက သက်ကြီးရွယ်အိုတွေအပါအဝင် စားဝတ်နေရေးခက်ခဲဖြစ်နေတဲ့ အိမ်ထောင်စုအချို့ကို ပြည်တွင်း ပြည်ပ အလှူရှင်တွေနဲ့ချိတ်ဆက်ပြီး ကျေးလက်မြေ ပရဟိတအဖွဲ့က ဩဂုတ် ၁၂ရက်၊မနက်ပိုင်းမှာ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ ကျေးလက်မြေ ပရဟိတအဖွဲ့ ဦးဆောင်သူ ဦးဇော်မင်းထိုက်ကပြောပါတယ်။
တစ်အိမ်ထောင် ဆန်လေးပြည်၊ဆီငါးဆယ်သား၊ ကြက်ဥ ၁၀လုံး၊ကွေကာအုပ် ၁၀ထုတ်စီကို အိမ်အရောက်သွားပြီး လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။
"ဒီအရပ် ဒီဒေသလေးဟာ မကွေးတိုင်းထဲမှာဆိုပေမဲ့ ကျွန်တော်တို့နေထိုင်တဲ့မကွေး/နတ်မောက် မြို့နဲ့ မိုင်ရာချီဝေးကွာပါတယ်။ပဲခူးတိုင်းနဲ့ပိုနီးပါတယ်။ခရီးအကွာအဝေးဘယ်လောက်ဝေးကွာ ဝေးကွာပါစေ အမှန်တစ်ကယ်လိုအပ်နေသူတွေထံ ကုသိုလ်ဒါနအစုစု ပြုခွင့်ရလို့ စိတ်ထဲမှာ ကျေနပ်ပီတိဖြစ်ရပါတယ်။
ကျေးလက်မြေ ပရဟိတအဖွဲ့အနေနဲ့ စားဝတ်နေရေး ခက်ခဲနေတဲ့ အိမ်ထောင်စုတွေ ဆက်လက်လှူဒါန်းပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။