ကံမမြို့နယ်အတွင်းက စားဝတ်နေရေး အခက်အခဲဖြစ်နေသူတွေကို အစားအသောက် များ ထောက်ပံ့လှူဒါန်းပေး

ကံမမြို့နယ်အတွင်းက စားဝတ်နေရေး အခက်အခဲဖြစ်နေသူတွေကို အစားအသောက် များ ထောက်ပံ့လှူဒါန်းပေး
ဓါတ်ပုံ၊ဇော်မင်းထိုက်(ကျေးလက် မြေ)

ဩဂုတ်-၁၂

မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်အတွင်းက သက်ကြီးရွယ်အိုတွေအပါအဝင် စားဝတ်နေရေးခက်ခဲဖြစ်နေတဲ့ အိမ်ထောင်စုအချို့ကို ပြည်တွင်း ပြည်ပ အလှူရှင်တွေနဲ့ချိတ်ဆက်ပြီး ကျေးလက်​မြေ ပရဟိတအဖွဲ့က ဩဂုတ် ၁၂ရက်၊မနက်ပိုင်းမှာ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ ကျေးလက်မြေ ပရဟိတအဖွဲ့ ဦးဆောင်သူ ဦးဇော်မင်းထိုက်ကပြောပါတယ်။

တစ်အိမ်ထောင် ဆန်လေးပြည်၊ဆီငါးဆယ်သား၊ ကြက်ဥ ၁၀လုံး၊ကွေကာအုပ် ၁၀ထုတ်စီကို အိမ်အရောက်သွားပြီး လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။

"ဒီအရပ် ဒီဒေသလေးဟာ မကွေးတိုင်းထဲမှာဆိုပေမဲ့ ကျွန်တော်တို့နေထိုင်တဲ့မကွေး/နတ်မောက် မြို့နဲ့ မိုင်ရာချီဝေးကွာပါတယ်။ပဲခူးတိုင်းနဲ့ပိုနီးပါတယ်။ခရီးအကွာအဝေးဘယ်လောက်ဝေးကွာ ဝေးကွာပါစေ အမှန်တစ်ကယ်လိုအပ်နေသူတွေထံ ကုသိုလ်ဒါနအစုစု ပြုခွင့်ရလို့ စိတ်ထဲမှာ ကျေနပ်ပီတိဖြစ်ရပါတယ်။

ကျေးလက်​မြေ ပရဟိတအဖွဲ့အနေနဲ့ စားဝတ်နေရေး ခက်ခဲနေတဲ့ အိမ်ထောင်စုတွေ ဆက်လက်လှူဒါန်းပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly