အများအကျိုးဆောင်ရွက်ခဲ့သည့် မြန်မာလူငယ် ၅ သန်းကို ဂုဏ်ပြုကြောင်း ဒိန်းမတ်သံရုံးထုတ်ပြန်

အများအကျိုးဆောင်ရွက်ခဲ့သည့် မြန်မာလူငယ် ၅ သန်းကို ဂုဏ်ပြုကြောင်း ဒိန်းမတ်သံရုံးထုတ်ပြန်

ဩဂုတ် ၁၂

ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးဆောင်ရွက်ခဲ့သည့် မြန်မာလူငယ် ငါးသန်းနီးပါးကို ဂုဏ်ပြုကြောင်း ဒိန်းမတ်သံရုံးက ယနေ့ထုတ်ပြန်သည်။

နိုဝင်ဘာလက မြန်မာနိုင်ငံက လူငယ် ငါးသန်း နီးပါးဟာ သူတို့ရဲ့ အခွင့်အရေးကို ကျင့်သုံးပြီး ပထမဆုံးအကြိမ် မဲပေးခဲ့ကြောင်း၊ ဒီမိုကရေစီ အခွင့်အရေးကို ကျေနပ်စွာ ကျင့်သုံးခဲ့ကြတဲ့ ဒီလူငယ်တွေဟာ သူတို့ ပေးခဲ့တဲ့ မဲတွေကို လျစ်လျူရှု ခံရတဲ့အခါ စိတ်ပျက်စရာ ကြုံတွေ့ခဲ့ ကြရကြောင်း သံရုံးထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းကြောင့် လူငယ်များမှာ သူတို့ရဲ့ အခွင့်အရေး၊ လွတ်လပ်ခွင့်တွေ ပြန်ရဖို့ ငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်ဖို့ လမ်းတွေပေါ် ထွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံကို COVID-19 တတိယ လှိုင်း ရိုက်ခတ်တဲ့အချိန်မှာလည်း လူငယ်တွေဟာ တဖန် ဦးဆောင်မှု ယူခဲ့ကြောင်း ထုတ်ပြန်ချက်က ပြောသည်။

လူငယ်အများစုမှာ ကိုယ်ကျိုး မဖက်ဘဲ ဖျားနာနေသူတွေ၊ လိုအပ်ချက်ရှိသူတွေကို ရှေ့တန်းကနေ ကူညီ ပေးနေကြောင်း၊ အခက်အခဲ အကျပ်အတည်း ကာလတွင် ရပ်ရွာလူထုကို ကူညီ ကာကွယ်ဖို့ ကြိုးပမ်းအားထုတ်လျက်ရှိတဲ့ မြန်မာနိုင်ငံက လူငယ်များကိုအပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ ဂုဏ်ပြုကြောင်းလည်း ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly