နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၁ ဩဂုတ် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၁ ဩဂုတ် ၂၀၂၁)
ပုံ - မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း (Photo - CJ)

 ရန်ကုန်တိုင်းဒေသကြီး

·         ရန်ကုန်ဗိုလ်တထောင်တွင် ယမန်နေ့ညနေပိုင်း စစ်ကောင်စီတပ်များက လူငယ်များ နေထိုင်ရာ တိုက်ခန်းတစ်ခုကို စီးနင်းပြီး မောင်ကောင်းမင်းသန့်ကို သေနတ် ဖြင့်ပစ်ခတ်၍ တိုက်အောက်ကျ သွားပြီးနောက် ကျန်လူငယ် ၅ ဦးကလည်း တိုက်ခေါင်မိုးပေါ်မှ လိုက်ပါ ခုန်ချသွားကြောင်း သိရှိရသည်။

·         ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်း အောက်ဘလောက် အိမ်အမှတ် ၃၈ ကို အကြမ်းဖက် လူသတ် စစ်ကောင်စီတပ်များက ဝင်စီးနင်းစဉ် တိုက်ပေါ်မှ ပြုတ်ကျ၊ ခုန်ချ၍ သေဆုံးသွားသော ကျဆုံးလူငယ် ၆ ဦး၏ ရုပ်အလောင်းများကို စစ်ကောင်စီက မိသားစုများထံ ပြန်မပေးဘဲ စုပေါင်းသဂြိုလ်ရန်ရှိနေကြောင်း သိရသည်။

·         ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကလမ်းတချို့မှနေအိမ်များကို စစ်ကောင်စီအဖွဲ့က ယမန်နေ့ ညပိုင်းတွင် ဝင်ရောက်ရှာဖွေစစ်ဆေးခဲံကြောင်းသိရသည်။

·         ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းရှိ တိုက်ခန်းတခုအား ယမန်နေ့က စစ်ကောင်စီမှ ဝင်ရောက်အကြမ်းဖက် စီးနင်းစဉ်အတွင်း လူငယ် ၆ ဦး သေဆုံးခဲ့ရမှုတွင် အဆိုပါတည်နေရာအား စစ်ကောင်စီထံလမ်းညွှန်ကာ ပါဝင်ပတ်သက်ခဲ့သည်ဆိုသည့် သတင်းပေး (ဒလန်) အား အသက်အန္တရာယ် အာမခံမည်မဟုတ်ကြောင်း လှိုင်သာယာ PDF က သတိပေးစာ ယနေ့ (ဩဂုတ် ၁၁ ရက်) ညနေပိုင်းက ထုတ်ပြန်လိုက်သည်။

မန္တလေးတိုင်းဒေသကြီး

·         မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်ရှိ ရဲစခန်း ၃ ခုနှင့်စည်ပင်ရုံးတို့တွင် ဩဂုတ်လ ၉ ရက်နေ့ ညပိုင်းက တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

·         မန္တလေးတွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး မန္တလေးအထွေထွေ သပိတ်အင်အားစု ဦးဆောင်ကာ  သြဂုတ်လ ၁ဝရက်နေ့ ညပိုင်းက ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·         မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ သြဂုတ်လ ၁၀ ရက်နေ့တွင် နေ့စဉ်ပြုလုပ်နေကျ ဖြစ်သော ကိုယ့်အိမ်ပေါက် ကိုယ်မပိုင်သော ပြည်သူများအတွက် ကိုယ်ကျောင်းပေါက် ကိုယ်မပိုင်သော ရဟန်းတော်များကမေတ္တသုတ် မောရသုတ်ပရိတ်တော်များ ရွတ်ပွားချီးမြှင့်ပြီးနောက် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့သည်။

·         မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက်၊ ၁၁၇ လမ်းနဲ့ ၆၂ လမ်း ပတ်ဝန်းကျင်မှာ ဩဂုတ် ၁၁ ရက် မနက် ၆ နာရီကျော်ခန့်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်၊

·         ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် မြို့မရဲစခန်း၌ဩဂုတ်လ (၁၀) ရက်နေ့ ည (၈) နာရီက ရဲသုံးဦးရန်ဖြစ်ရာဝင်ရောက် ဖြေရှင်းပေးသည့် ဒုတပ်ကြပ်လှမင်းကျော်မှာ ရင်ဘတ်ကို သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။

·         မန္တလေးတွင် အင်ဂျင်နီယာများအဖွဲ့ သပိတ်စစ်ကြောင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·         မန္တလေးတွင် ဖက်ဆစ် အိမ်စောင့် စစ်ခွေးမောင်းချရေး မန္တလာတက္ကသိုလ် ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၁ရက်နေ့တွင် ရန်ကုန်တွင် ကျဆုံးသွားသော သူရဲကောင်းများ အတွက် ဝမ်းနည်းခြင်း အထိန်းအမှတ် ခေါင်းစီး အနက်များဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·         မန္တလေးတွင် အင်ဂျင်နီယာများအဖွဲ့ သပိတ်စစ်ကြောင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·         မန္တလေးတွင် ယနေ့ သြဂုတ်လ ၁၁ ရက်နေ့က အိမ်စောင့် စစ်ခွေးမောင်းချရေး မြတောင် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·         မန္တလေးမြို့တွင် သြဂုတ်လ ၁၁ ရက် ယနေ့ ညနေ ၄ နာရီခန့်တွင် စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်ဆန္ဒပြ သည့် သံဃသမဂ္ဂစစ်ကြောင်းကို ၃၂ လမ်းနှင့် ၈၅ လမ်းထောင့်၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ဆန္ဒပြ သံဃာများကို လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

·         စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်းကျေးရွာများမှ တော်လှန်ပြည်သူများသည် သြဂုတ်လ ၁၁ ရက် နံနက်တွင် အကြမ်းဖက်စစ်အာဏာရှင် အမြစ်ပြတ် ကျဆုံးရေး နှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်း ချီတက်ဆန္ဒပြကြသည်။

·         စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယနေ့မနက် အာဏာ သိမ်း စစ်ကောင်စီ ဆန့်ကျင်ကန့်ကွက်ဆန္ဒဖော်ထုတ်မှု အား ကလေးမြို့ပြည်သူများမှ ဆက်လက်ချီတက်ဆင်နွှဲခဲ့ပြီး အောင်မြင်စွာပြီးဆုံးကြောင်းသိရသည်။

·         စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး ဘုတလင်ရဲစခန်း အနီးတွင်ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မနက် ၈ နာရီ ၂၀ မိနစ်လောက်က ဗုံးပေါက်ကွဲမှု တပြိုင်တည်းဖြစ်ပွား ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး

·         တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာရှိ တော်လှန်ကျောင်းသားပြည်သူများသည် သြဂုတ်လ ၁၁ ရက် နံနက်က စစ်အာစာရှင်အမြစ်ပြတ်ကျဆုံးရေး ကျေးရွာအတွင်း လှည့်လည်ကြွေးကြော် ဆန္ဒပြ ကြသည်။

·         တနင်္သာရီတိုင်း၊ ထားဝယ်ပင်မစစ်ကြောင်းနှင့် တော်လှန်ကျောင်းသားပြည်သူများပူးပေါင်းပြီး သြဂုတ်လ ၁၁ ရက် နံနက်က "NUG သာ ငါတို့အစိုးရ အိမ်စောင့်ခွေးကိုမောင်းထုတ်ကြ" ဟု ကြွေးကြော်သံများနှင့်အတူ စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်ဆန္ဒပြကြသည်။

·         သရက်ချောင်းမြို့နယ် ကျေးလက်ဒေသတွင်  သြဂုတ်လ ၁ဝရက်နေ့က အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လူငယ်များ ဦးဆောင်ကာ ညသပိတ်ပြုလုပ် ဆန္ဒပြခဲ့ကြောင်း သိရသည်။

·         တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာရှိ တော်လှန်ကျောင်းသားပြည်သူများသည် သြဂုတ်လ ၁၁ ရက် နံနက်က စစ်အာစာရှင်အမြစ်ပြတ်ကျဆုံးရေး ကျေးရွာအတွင်း လှည့်လည်ကြွေးကြော်ဆန္ဒပြ ကြသည်။

·         ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ထားဝယ်ခရိုင်သပိတ်ကော်မတီနှင့် မြို့နယ်အတွင်းရှိ တော်လှန် လူငယ်များပူးပေါင်းကာ NUG အစိုးရအား တရားဝင်အသိမှတ်ပြုမှုရရှိရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

·         ထားဝယ် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၁ ရက်နေ့က ဖက်စစ် အိမ်စောင့် စစ်ခွေး အလိုမရှိကြောင်း လူငယ်များ ဆန္ဒပြခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး

·         မကွေးမြို့နယ် ကျေးရွာတစ်ရွာမှ တော်လှန်ပြည်သူများသည် သြဂုတ်လ ၁၁ ရက် နေ့လယ်တွင် "စစ်အာဏာ ရှင် ဖယ်ရှားရေး NUG ကိုထောက်ခံအားပေး"ဟု ကြွေးကြော်ကာ ပြောက်ကျားဆန္ဒပြကြသည်။

ရှမ်းပြည်နယ်

·         “ဝ” အမျိုးသားပါတီ (WNP) အနေဖြင့် အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မပြုလုပ်ရန်နှင့် စစ်ကောင်စီ၏ လုပ်ရပ်တစ်စုံတစ်ရာကိုမျှ အားပေးအားမြှောက်မပြုလုပ်ရန် လားရှိုးဝလူငယ်ကွန်ရက်က အကြံပြုတိုက်တွန်းလိုက်သည်။

ကရင်ပြည်နယ်

·         ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင် ကတိုင်တိကျေးရွာအနီးတွင် KNLA နှင့် စစ်ကောင်စီလက်ပါးစေ ကရင်နယ်ခြားစောင့်တပ် BGF တို့ ယနေ့ သြဂုတ်လ ၁၁ ရက် မွန်းလွဲ ၁ နာရီ ခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကရင်သတင်းရင်းမြစ်များထံမှ သိရသည်။

ကချင်ပြည်နယ်

·         ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် သြဂုတ်လ ၁၁ ရက် နံနက်က တိုင်းရင်းသားလူမျိုးပေါင်းစုံ ဆိုင်ကယ်သပိတ် စစ်ကြောင်း ချီတက်ခဲ့ပြီး စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ကြွေးကြော်ဆန္ဒပြကြသည်။

·         ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ တော်လှန်ပြည်သူများသည် သြဂုတ်လ ၁၁ ရက် နံနက်တွင် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ကျေးရွာအတွင်း လှည့်လှည်ကြွေးကြော်ဆန္ဒပြကြသည်။

ကယားပြည်နယ်

·         ကယားပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက် မြို့နယ်စက်မှုလက်ယာရုံးဝန်း အတွင်းမှ ပေါက်ကွဲသံကျယ် လောင်စွာကြားပြီး ရုံးတစ်ရုံး မီးလောင်မှု ယမန်နေ့ညကဖြစ်ပွားခဲ့သည်။

မွန်ပြည်နယ်

·         မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ လူငယ်များက စစ်အာဏာရှင်ကို အလိုမရှိကြောင်း နည်းမျိုးစုံဖြင့် ဆန့်ကျင် ဆန္ဒပြလျက်ရှိရာ ယနေ့တွင်လည်း "ကြယ်တွေထပ်မကြွေဖို့ PDF ကို အားစိုက်လှူစို့" ဟူသည့် ခေါင်းစဉ်ဖြင့် လှုပ်ရှားမှုတခု ပြုလုပ်ခဲ့သည်။

ဩဂုတ် ၁၁ သုံးသပ်ချက်

·         စစ်ကောင်စီဒေါက်တိုင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးကဲ့သို့ ဒလန်များကြောင့် တော်လှန် ရေးလုပ်နေသည့် လူငယ်များ သတင်းပေါက်ကြားမှုများ ရှိနေသည်။ရန်ကုန်ဖြစ်စဉ်တွင် နေရပ်လိပ်စာ အတိအကျဖြင့် လာရှိပြီး မြို့တွင်းထွက်ပေါက်များကို နာရီတော်ကြာအောင် ပိတ်ဆို့ကာ ရှာဖွေဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်ကို တွေ့ရသည်။

·         မန္တလေးတွင်လည်း သပိတ်စစ်ကြောင်းများကို ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း သပိတ်စုံထွက်ကာ ချီတက်ဆန္ဒပြနေဆဲဖြစ်သည်။တော်လှန်ရေးလုပ်ငန်းများလည်း ပြန်စတင်လာသည်ကို တွေ့ရသည်။

·         ကရင်ပြည်နယ်ဘက်တွင် အကြမ်းဖက်စစ်တပ်မှ အင်အားအလုံးအရင်းပေးပို့လာသည်ကိုတွေ့ရသည့် အတွက် ရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်လာနိုင်သည်ဟု ခန့်မှန်းရသည်။စစ်ကိုင်းမှာတော့ ဆန္ဒပြမှု အရှိန်အနည်းငယ် လျော့ကျသွားသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required