မန္တလေးက အင်အားကြီး အင်ဂျင်နီယာများအဖွဲ့ သပိတ်စစ်ကြောင်း လမ်းပေါ်ပြန်ထွက်လာ

11 August 2021
မန္တလေးက အင်အားကြီး အင်ဂျင်နီယာများအဖွဲ့ သပိတ်စစ်ကြောင်း လမ်းပေါ်ပြန်ထွက်လာ

 

မန္တလေးမြို့က အင်အား အကောင်းဆုံး သပိတ်စစ်ကြောင်းတစ်ခုဖြစ်တဲ့ မန္တလေး အင်ဂျင်နီယာများအဖွဲ့ သပိတ်စစ်ကြောင်းဟာ ဩဂုတ် ၁၁ရက်၊မွန်းလွဲပိုင်း လမ်းပေါ် ပြန်ထွက်လာခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လအနည်းငယ် ရပ်နားထားတဲ့ မန္တလေး အင်ဂျင်နီယာများအဖွဲ့သပိတ်စစ်ကြောင်းဟာ ဒီနေ့မှာတော့ စစ်အာဏာရှင်စနစ် အလိုမရှိ၊ဖက်ဒရယ်ဒီမိုကရေစီစနစ်ရရှိရေး၊အမျိုးသား ညီညွှတ်ရေး အစိုးရ(NUG)ကို ထောက်ခံကြောင်းကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီလို ချီတက်ဆန္ဒပြအပြီးမှာ မနေ့က ဩဂုတ် ၁၀ရက်၊ရန်ကုန် ၄၄လမ်းမှာ ကျဆုံးခဲ့တဲ့သူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိန်ငြိမ်သက် ဆုတောင်းခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly