ကိုဗစ်-၁၉ ၏ မူလအစကို ဖော်ထုတ်ရန် ဝူဟန်ဓာတ်ခွဲခန်းမှ ရရှိသည့် မျိုးရိုးဗီဇအချက်အလက်များကို အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများ ရှာဖွေနေ

ကိုဗစ်-၁၉ ၏ မူလအစကို ဖော်ထုတ်ရန် ဝူဟန်ဓာတ်ခွဲခန်းမှ ရရှိသည့် မျိုးရိုးဗီဇအချက်အလက်များကို အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများ ရှာဖွေနေ

ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်ဗိုင်းရပ်စ်ဗေဒဌာနမှ ထွက်ပေါ်လာသည်ဟူသော ယူဆချက်ကို ၂၀၂၀ ပြည့်နှစ်က ပယ်ချခဲ့ပြီးနောက် ထိုနေရာသည် ကိုဗစ်-၁၉ဗိုင်းရပ်စ်၏ မူလအစဟုတ်မဟုတ်ကို ဆုံးဖြတ်ရန် အတွက် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများသည် အဆိုပါဌာနမှ ဗိုင်းရပ်စ်နမူနာများစွာကို ရှာဖွေနေသည်။

သြဂုတ်လကုန်တွင် ကိုဗစ်-၁၉ ၏ မူလအစနှင့် ပတ်သက်ပြီး တိကျသေချာသော အဖြေတစ်ခုပေးရန် သမ္မတ ဂျိုးဘိုင်ဒင် တွန်းအား၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယင်းရှာဖွေမှု ထောက်လှမ်းရေး အေဂျင်စီများက ပြုလုပ်နေခြင်းဖြစ်သည်။

သမ္မတဘိုင်ဒင်က အဖြေရရန် ရက် ၉၀ ကြာ စုံစမ်းမှုပြုလုပ်ရန် မေလ ၂၆ ရက်တွင် ပြောကြားခဲ့ပြီးနောက် ရောဂါပိုးရှိသောတိရစ္ဆာန်သည် လူနှင့်ထိတွေ့ရာမှ ဗိုင်းရပ်စ်ကူးစက်ခြင်းနှင့် ဓာတ်ခွဲခန်းမတော်တဆဖြစ်ပွားရာမှ ဗိုင်းရပ်စ်ကူးစက်ခြင်းဟူသော ဖြစ်နိုင်ချေရှိသော အလားအလာ ၂ မျိုးကို အရာရှိများက ဆုံးဖြတ်ထားသည်။

“ဖြစ်နိုင်ခြေ ၂ ခုရှိနေပါတယ်။ ရိုးရိုးသားသားပြောရရင် ဒီအဆင့်မှာ ကျွန်မတို့မှာ လုံလောက်တဲ့ သတင်းအချက်အလက်မရှိဘူး” ဟု အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး အဗယ်လ် ဟိန်းစ်က အီးမေးလ်ဖြင့် ထုတ်ပြန်သော ကြေညာချက်၌ ပြောကြားခဲ့သည်။

ဝူဟန်ဓာတ်ခွဲခန်းတွင်လေ့လာခဲ့သော ဗိုင်းရပ်စ်နမူနာများ၏ မျိုးရိုးဗီဇအသေးစိတ်များပါဝင်သော အချက်အလက် များကို ထောက်လှမ်းရေးအေဂျင်စီများက လေ့လာနေကြောင်း သတင်းရင်းမြစ်များစွာက CNN သို့ ပြောကြားခဲ့သည်။

တရုတ်အစိုးရက ဗိုင်းရပ်စ်၏ မူလအစကို ခြေရာခံရန် ကြိုးပမ်းမှုတွင် ပူးပေါင်းပါဝင်မှုမရှိသောကြောင့် အမေရိကန်က အချက်အလက်များကို မည်သို့ရရှိသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

အစောပိုင်းဖြစ်ပွားခဲ့သော ကူးစက်ခံရမှု ၁၇၄ မှုနှင့် ပတ်သက်သော အချက်အလက်မူကြမ်းများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ စုံစမ်းစစ်ဆေးသူများကို လွှဲပြောင်းပေးရန် တရုတ်က ငြင်းဆန်ခဲ့သည် ဟု ရိုက်တာသတင်းဌာနမှ ဖော်ပြခဲ့သည်။

သူမ၏ ရုံးရှိ ပျံ့ပွားမှု တန်ပြန်ထိန်းချုပ်ရေး နိုင်ငံတော်အဆင့်ဌာန သည် ဗိုင်းရပ်စ်၏ မူလအစပြဿနာ စုံစမ်းမှုကို ဦးဆောင်နေပြီး အေဂျင်စီအသီးသီးအား အလုပ်အကိုင်များ ခွဲဝေချထားပေးထားကြောင်း ဟိန်းစ်က ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly