လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို လုံလောက်ရန် တရုတ်က ကျောက်မီးသွေး ထုတ်လုပ်မှု ပြန်လည်စတင်

လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို လုံလောက်ရန် တရုတ်က ကျောက်မီးသွေး ထုတ်လုပ်မှု ပြန်လည်စတင်

တရုတ်အစိုးရက ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များကို ဆက်လက်လုပ်ဆောင်နေစဉ် တိုင်းပြည်၏ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းရန် ပိတ်ထားသည့် ကျောက်မီးသွေးတွင်းများတွင် ထုတ်လုပ်မှု ပြန်လည်စတင်ရန် နို်ငငံ၏ ထိပ်တန်းစီမံကိန်းအာဏာပိုင်အဖွဲ့က ခွင့်ပြုလိုက်သည်။

တရုတ်ပြည်မြောက်ပိုင်းဒေသများဖြစ်သော အတွင်းမွန်ဂိုလီးယားမှသည် ရှန်စီပြည်နယ်အထိအရှိ ကျောက်မီးသွေးတွင်း ၁၅ တွင်းတွင် လုပ်ငန်းများ ပြန်လည် စတင်လိုက်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်က သြဂုတ်လ ၄ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း အာဏာပိုင်များက အတွင်းမွန်ဂိုလီးယားတွင် နောက်ထပ် ၃၈ တွင်း ကို ပြန်လည်စတင်ကြောင်း ကြေညာခဲ့သဖြင့် စုစုပေါင်း ကျောက်မီးသွေး ၅၃ တွင်း ပြန်လည်စတင်လုပ်ကိုင်နေပြီ ဖြစ်သည်။

ယင်း ကျောက်မီးသွေးတွင်းများ၏ နှစ်စဉ်ထုတ်လုပ်နိုင်စွမ်းမှာ တန်ချိန် သန်း ၁၁၀ ကျော်ရှိသည်။

မေလတွင် စံချိန်တင်မြင့်တက်ခဲ့သော ဘူမိကျောက်မီးသွေး ဈေးနှုန်းများကို တရုတ်က ထိန်းချုပ်ရန် ကြိုးပမ်းနေချိန်တွင် ယင်းလုပ်ငန်းများ ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

သို့သော် တရုတ်သမ္မတရှီကျင့်ဖျင်က ၂၀၃၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချပြီးနောက် နောင်အနှစ် ၃၀ အကြာတွင် ကာဗွန်ထွက်ရှိမှု ဟန်ချက်ညီရေးရရှိအောင်ပြုလုပ်မည်ဟု ကတိပြုထားသည်။

တရုတ်နိုင်ငံပိုင် ရုပ်သံဌာန CCTV ၏ အဆိုအရ ထိပ်တန်းမူဝါဒချမှတ်သူများက ညှိနှိုင်းပြီး စည်းစနစ်ကျသော လမ်းကြောင်းဖြင့် ကာဗွန်ထွက်ရှိမှု ဟန်ချက်ညီရေးကို ဆောင်ရွက်ရန် ဇူလိုင်လက တောင်းဆိုခဲ့သည်။

တရုတ်သည် ကမ္ဘာတွင် ကာဗွန်အများဆုံးထုတ်လွှတ်သော နိုင်ငံဖြစ်ပြီး ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့၏ ၃ ပုံ ၁ပုံကို ထုတ်လွှတ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly