ကမ္ဘာ့ကျော် ကုမ္ပဏီများနှင့် အခွန်ငွေ ဘီလျံများစွာ အငြင်းပွားမှု ပြေလည်ရန် အိန္ဒိယ ကမ်းလှမ်း

ကမ္ဘာ့ကျော် ကုမ္ပဏီများနှင့် အခွန်ငွေ ဘီလျံများစွာ အငြင်းပွားမှု ပြေလည်ရန် အိန္ဒိယ ကမ်းလှမ်း

အိန္ဒိယအစိုးရက Vodafone နှင့် Cairn Energy အပါအဝင် ကုမ္ပဏီများနှင့် ရူပီး ဘီလျံရာနှင့်ချီသည့် အခွန်ငွေများအတွက် တရားရင်ဆိုင်နေရခြင်းကို ပြေလည်စေရန် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်နေသည့် ကုမ္ပဏီများအား ငွေကြေးကူညီရန် ဩဂုတ် ၅ ရက်က အဆိုပြုလိုက်သည်။

လွှတ်တော် ၂ ရပ်စလုံးနှင့် သမ္မတတို့က အတည်ပြုရမည့် အခွန်ဥပဒေ ပြင်ဆင်ချက်သည် ရူပီး ဘီလျံ ၅၀၀ ကျော် အား အခွန်ပေးရန် တရားရုံးတွင် ရင်ဆိုင်နေရသည့် အမှုပေါင်း ၁၇ ခုထက်မနည်းကို ပြေလည်သွားနိုင်စေမည်ဟု လေ့လာသုံးသပ်သူများက ပြောကြားသည်။

၂၀၁၂ ခုနှစ် မေလမတို်ငမီက နိုင်ငံတော်၏ ပိုင်ဆိုင်မှုပစ္စည်းများမှ တစ်ဆင့် လွှဲပြောင်းမှုအပေါ် ကောက်ခံသည့် အခွန်များကို ပလပ်ခြင်းသို့မဟုတ် တရားရင်ဆိုင်မှု ရုပ်သိမ်းခြင်းနှင့် ထိခိုက်နစ်နာစေမည့် စွဲချက်များကို ပယ်ဖျက်ခြင်းစသည့် အထူးအခြေအနေများဖြင့် ပြင်ဆင်သတ်မှတ်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဟု အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီဆုံးဖြတ်ချက်က ရင်းနှီးမြှပ်နှံသူတွေနဲ့ မိမိတို့ရဲ့ အနေအထားကို ရှင်းလင်းဖို့ အကူအညီ ဖြစ်စေနိုင်ပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာန အတွင်းဝန် တာရွန်ဘာဂျက်က ET Now TV channel သို့ ပြောကြားသည်။ Cairn Energy နှင့် Vodafon ကုမ္ပဏီတို့ကလည်း ၎င်းတို့၏ အမှုများကို ရုပ်သိမ်းပြီး သတ်မှတ်ထားသည့်အခြေအနေအချို့နှင့် ကိုက်ညီပါက ရင်ဆိုင်နေရသည့် ပြဿနာများကို ပြေလည်သွားစေနိုင်မည်ဟု ပြောကြားခဲ့သည်။

မူရင်းငွေများကိုသာ ပေးဆပ်ပြီး အတိုးမပေးရန်လည်း အစိုးရက ကမ်းလှမ်းထားသည်။

သည်ဟိတ်ဂ်တွင် ယမန်နှစ်က ပြုလုပ်ခဲ့သည့် နိုင်ငံတကာ ခုံသမာဓိ ကြားနာမှုတွင် အိန္ဒိယအစိုးရ Vodafone ကုမ္ပဏီအပေါ် ကောက်ခံသည့် အခွန်၊အတိုးနှင့် ပြစ်ဒဏ်များသည် အိန္ဒိယနှင့် နယ်သာလန်အခြေစိုက် အဆိုပါ ကုမ္ပဏီတို့အကြား ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ကြောင်း ဆုံးဖြတ်ခဲ့သည်။

အိန္ဒိယတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ လုပ်ကိုင်နေသည့် Cairn ကုမ္ပဏီက ယခင် ပေးရန်ကျန်ရှိသည့် အခွန်များနှင့် ပတ်သက်၍ အိန္ဒိယအစိုးရနှင့် ကာလကြာမြင့်စွာ တရားရင်ဆိုင်ခဲ့ပြီး နောက် သည်ဟိဂတ်တရားရုံး၏ ခုံသမာဓိဆိုင်ရာ အမြဲတမ်းတရားရုံးက ဒီဇင်ဘာလတွင် အဆိုပါ ကုမ္ပဏီက ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနှင့်၊ အတိုး၊ ကုန်ကျစရိတ်များကို ပေးဆောင်ရန်ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly