နေအိမ်တွင် ကတုတ်ကျင်းတူးထားသည်ကိုအကြောင်းရှာ၍ ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဖမ်းဆီး

နေအိမ်တွင် ကတုတ်ကျင်းတူးထားသည်ကိုအကြောင်းရှာ၍ ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဖမ်းဆီး

ဩဂုတ် ၁၁

ဝိုင်းမော်မြို့အခြေစိုက် အမှတ် (၅၈) ခြေလျင်တပ်ရင်းမှ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်များက မဒိန့်ကျေးရွာမှ ပြည်သူတစ်ဦး၏ နေအိမ်အတွင်း ကတုတ်ကျင်းတူးထားသည်ကို အကြောင်းပြကာ ဖမ်းဆီးသွားကြောင်း ဒေသခံများထံကသိရသည်။

ဩဂုတ် ၁၀ရက် ည ၁၁နာရီခန့်တွင် ခလရ (၅၈) တပ်မှ လက်နက်ကိုင်စစ်ကောင်စီတပ်ဖွဲဝင်များသည် မဒိန့်ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်များအား ဝင်ရောက်ရှာဖွေခြင်း ပြုလုပ်ကာ ဒေသခံတစ်ဦးကို ဖမ်းဆီခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ခလရ (၅၈) တပ်သည် နေ့စဥ် ည၈ နာရီ‌ေနာက်ပိုင်း အချိန်များတွင် လက်နက်ကြီး၊ လက်နက်ငယ်များအပြင် သေနတ်များဖြင့်ပါ ဦးတည်ရာမရှိ ပစ်ခတ်မှုများရှိနေ၍ မဒိန်ကျေးရွာမှ ဒေသခံအချို့သည် နေအိမ်ခြံဝန်းတွင် လုံခြုံသည့်နေရာတစ်ခုအဖြစ် ကတုတ်ကျင်းများတူးကာ ညစဥ်ညတိုင်း ပုန်းခိုနေကြရခြင်းဖြစ်သည်။

"ကျနော်ကြားတာတော့ မဒိန့်ရွာထဲက အိမ်တွေကိုလာစစ်တဲ့အခါ ကတုတ်ကျင်းတူးထားတာတွေ့လို့ ဖမ်းသွားတာဆိုပြီး ကြားမိလိုက်တယ်"ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဖမ်းဆီခံရသည့် ဒေသခံများအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို စုံစမ်းမရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သြဂုတ် ၉ ရက် ညပိုင်းက ကချင်ပြည်နယ်ရှိ ဘူးဂါးလျှပ်စစ်ရုံးတွင် အလုပ်လုပ်နေကြသည့် ဝိုင်းမော်ဘူးဂါးလျှပ်စစ်ရုံးဝန်ထမ်း ‌‌ေခြာက် ဦးအား ဝိုင်းမော်အခြေစိုက် ခလရ (၅၈)တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့‌ေသးသည်။

ဇူလိုင် ၂၉ ရက် ညပိုင်းတွင် ခလရ(၅၈)တပ်ရင်း ကို ကချင်လွတ်လပ်ရေးတပ်မတော် KIAက လာရောက်တိုက်ခိုက်ခဲ့ပြီးသည့်နောက် ခလရ (၅၈) တပ်တွင်းလုံခြုံရေးအကြောင်းပြကာ စစ်ကောင်စီတပ်ဖွဲ့မှ ညစဥ်ညတိုင်း ဒေသခံပြည်သူများရှိရာသို့ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ် ‌ ခြောက်လှန့်မှုများ ပြုလုပ် လျှက်ရှိသည်။ ထိုသို့ပြုလုပ်သည့်အတွက် ဒေသခံပြည်သူများ၏ နေအိမ်များနှင့်အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်သေကြေ ဆုံးရှုံး‌မူများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly