မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (သြဂုတ်လ ၁၁ ရက်၊ ၂၀၂၁)  

မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (သြဂုတ်လ ၁၁ ရက်၊ ၂၀၂၁)  

ဩဂုတ်လ ၁၁ ရက်

မြန်မာနိုင်ငံလူဦးရေ သန်း ၅၀ လုံးအတွက် COVID-19 ရောဂါကာကွယ်ဆေးကို ပြည်ပကနေ အမြဲဝယ်ယူနေတာထက် နောင်ကို ပြည်တွင်း မှာ ကာကွယ်ဆေးနဲ့ ကုသဆေးထုတ်နိုင်အောင်ကြိုးစားရမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောတာကို မနေ့ကထုတ် စစ်ကောင်စီပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုး စံချိန်တင် ကူးစက်ပြန့်နှံ့နေတဲ့အချိန်မှာဘဲ ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေ သြဂုတ်လ ၁၀ ရက်နေ့မှာ စတင်ပါတယ်။ ဒီလို နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရငွေလဲနှုန်း၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေကို သြဂုတ်လ ၁၁ ရက်နေ့ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။   
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly