တရုတ်၏ နျူကလီးယားလက်နက်အင်အားများပြားလာခြင်း ပတ်သက်၍ အမေရိကန်က စိုးရိမ်မှု ဖော်ပြ

တရုတ်၏ နျူကလီးယားလက်နက်အင်အားများပြားလာခြင်း ပတ်သက်၍ အမေရိကန်က စိုးရိမ်မှု ဖော်ပြ

တရုတ်၏ နျူကလီးယားလက်နက် အင်အားများပြားလာခြင်း ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က အာရှနိုင်ငံခြားရေးဝန်ကြီးများ၊ မိတ်ဖက်နိုင်ငံများနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့သည်။

နိုင်ငံပေါင်းနှစ်ဒါဇင်ကျော်ပါဝင်သော အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ၏ အွန်လိုင်းအစည်းအဝေးတွင် ဘလင်ကင်က တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်လိုသော အပြုအမူကို ရပ်တန့်ရန်နှင့် တိဘက်၊ ဟောင်ကောင်နှင့် ရှင်ကျန်းတို့တွင် ဖြစ်ပွားနေသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ အလေးအနက် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်” ဟု အမေရိကန်နိုင်ငံခြားရေး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တရုတ်အစိုးရ၏ နျူကလီးယားလက်နက်များ လျင်မြန်စွာကြီးထွားလာမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး တရုတ်အစိုးရက နျူကလီယား လက်နက်များ အနည်းဆုံးသာထားရှိရမည်ဟူသည့် ဆယ်စုနှစ်များစွာကြာနေပြီဖြစ်သော ယင်း၏ နျူကလီးယား မဟာဗျူဟာမှ သိသိသာသာသွေဖည်သွားကြောင်းကိုလည်း ထောက်ပြပြောဆိုခဲ့သည်” ဟု ထပ်လောင်းပြောဆိုခဲ့သည်။

ဒီမိုကရေစီအစိုးရစနစ်သို့ပြန်သွားရန် လုပ်ဆောင်နေစဉ် ဘလင်ကန်က ARF အဖွဲ့ဝင်နိုင်ငံများအားလုံးအား မြန်မာစစ်တပ်အားဖိအားပေးပြီး အကြမ်းဖက်များ အဆုံးသတ်ရန်နှင့် မြန်မာပြည်သူများကို ထောက်ခံရန် သူ၏ မိန့်ခွန်းတွင် တိုက်တွန်းခဲ့သည်။

ဂြိုဟ်တုဓာတ်ပုံများပေါ်တွင် အခြေခံ၍ တရုတ်က နျူးကလီးယားဒုံးကျည်များအတွက် ရာပေါင်းများစွာသော ဒုံးလွှတ်စင်အသစ်များတည်ဆောက်နေပုံရသည်ဟု အကြံပေးအဖွဲ့များ၏ အစီခံစာရင်စာများတင်ပြပြီးနောက် ပင်တဂွန်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာနနှစ်ခုစလုံးက မကြာသေးမီက တရုတ်၏ နျူကလီးယားစွမ်းအားများ တည်ဆောက်မှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်က တရုတ်နှင့် ရုရှားကို လက်နက်ထိန်းချုပ်ရေးစာချုပ်အသစ်တွင် ပါဝင်ရန် အကြိမ်ကြိမ် တောင်းဆို ခဲ့ပြီး ဇူလိုင်လက နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်အား မတည်မငြိမ်ဖြစ်စေမည့် လက်နက်ပြိုင်ဆိုင်တပ်ဆင် သည့် အန္တရာယ်များကို လျှော့ချရန်အတွက် လက်တွေ့ကျသော အစီအစဉ်များ အကောင် အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။

၂၀၂၀ ပြည့်နှစ် ပင်တဂွန်စစ်ဌာနချုပ်၏ အစီရင်ခံစာတစ်စောင်တွင် တရုတ်တွင် နျူကလီးယားထိပ်ဖူး ၂၀ဝ ခန့်ရှိနိုင်ကြောင်း ခန့်မှန်းထားသလို တရုတ်က ယင်း၏ တပ်များကိုချဲ့ထွင်ပြီး ခေတ်မီအောင် အင်အားဖြည့်တင်း ပါက အနည်းဆုံးအရွယ်အစား ၂ဆခန့်ရှိလာမည်ဟု ဆိုထားသည်။

အမေရိကန်တွင် နျူကလီးယားထိပ်ဖူး ၃,၈၀ဝ ခန့်ရှိနိုင်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားထားပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနအချက်အလက်များအရ မတ်လ ၁ ရက်အထိ ထိပ်ဖူး ၁၃၅၇ ခု တပ်ဖြန့်ထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required