စစ်ကောင်စီတပ်ဖွဲ့ ၀င်ဖမ်းရာမှာ လွတ်ရာပြေးရင်းလူငယ် ၅ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

စစ်ကောင်စီတပ်ဖွဲ့ ၀င်ဖမ်းရာမှာ လွတ်ရာပြေးရင်းလူငယ် ၅ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

ဩဂုတ် ၁၀

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၄လမ်းအောက်ဘလောက်ရှိ တိုက်ခန်းတစ်ခုတွင် သတင်းအရ စစ်ကောင်စီတပ်များ ၀င်ဖမ်းရာမှာ ဘေးလွတ်ရာသို့ ပြေးရင်းက တိုက်ပေါ်မှ ခုန်ချရာတွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသွားသူတစ်ချို့ ရှိနေကြောင်း အနီး၀န်းကျင်ရှိသူတစ်ချို့က ပြောသည်။

အဆိုပါတိုက်ခန်းတွင် လူငယ်များ စုပေါင်းနေထိုင်ကြသည့် တိုက်ခန်းဖြစ်သည်။ စစ်ကောင်စီတပ်အလုံးအ ရင်းနှင့် ၀င်ရောက်လာချိန်တွင် ကြောက်လန့်ထွက်ပြေးရာက ယခုလိုဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

"ဒလန်သတင်းပေးလို့ အခုလိုဖြစ်တာလို့တော့ ပြောနေကြတယ်ဗျ။ ကလေးတွေက ကြောက်အားလန့်အားနဲ့ ထွက်ပြေးရင်းနဲ့ နောက်ဆုံးရွေးချယ်စရာ မရှိတဲ့အဆုံး တိုက်ပေါ်ကနေ ခုန်ချတာနေမယ်" အဆိုပါလမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်သည် ယနေ့ ဩဂုတ်လ ၁၀ရက်မွန်းလွဲ ပိုင်းအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့ညပိုင်းအချိန်တွင် လူမူကွန်ယက်စာမျက်နှာပေါ်မှ ‌အများအပြာဖော်ပြ‌ရေးသားထားကြခြင်း ဖြစ်သည်။

ပြုတ်ကျသေဆုံးသူများအပြင် လူငယ်နှစ်ဦးအား အရေးပေါ်လူနာတင်ကားပေါ်သို့ တင်ဆောင်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly