တရုတ်နယ်စပ်ဂိတ်ပိတ်ထား၍ ကြက်သွန်နီနှင့် ပဲအမျိုးစုံကို ဈေးချရောင်းနေရ

By The Nation Voice
10 August 2021
တရုတ်နယ်စပ်ဂိတ်ပိတ်ထား၍ ကြက်သွန်နီနှင့် ပဲအမျိုးစုံကို ဈေးချရောင်းနေရ

ဩဂုတ် ၉ 

တရုတ်- မြန်မာအဓိက ကုန်သွယ်‌ရေးဂိတ်အားပိတ်ထားသည့်အတွက် ကြက်သွန်နီနှင့် ပဲအမျိုးမျိုး ဈေးချရောင်းနေရကြောင်း တရုတ်နယ်စပ်မှကုန်သည်များထံမှသိရသည်။

နယ်စပ်ဂိတ်မပိတ်မီကာလတွင် ကြက်သွန်နီဈေးမှာ အချိန် ၂၅ ပိသာပါသည့် အိတ်တစ်လုံးလျှင် ကျပ်ငွေ ၁၂၀၀၀ ဈေးရှိခဲ့သည်။ ယခုတရုတ်ဂိတ် ပိတ်ထားချိန်၌ ၂၅ ပိသာအိတ်တအိတ်လျှင် ကျပ်ငွေ၇၀၀၀ ဖြင့် ရောင်းချနေရသည်။

"ကြိုက်တဲ့အိတ်ယူ တအိတ် ၇၀၀၀ပဲ "ဟု ကုန်သည်တစ်ဦးမှဆိုသည်။

တရုတ် - မြန်မာ ကုန်သွယ်‌ရေးလမ်း‌ကြောင်း၏ အဓိက ဂိတ်ဖြစ်သည့် ကျင်စန်းကျော့ -ဝမ်တိန်ဂိတ်အား တရုတ်ဘက်မှ ပိတ်ထားသည်မှာ တစ်လ ကျော်ကြာပြီဖြစ်သည်။

" ဒီကိုရောက်နေတာ တလကျော်ပြီ နယ်စပ်ဂိတ်ကပိတ်ထားတော့ ဘာမှ လုပ်လို့မရဘူး အုံနာကပဲ စရိတ်ပေးလို့ ကိုယ့်ဘာသာချက်စားနေရတယ်။ ပြန်ဆင်းတော့မယ်။ တချို့ကားသမားတွေလဲ ပြန်ဆင်းကုန်ကြပြီ။ ကြက်သွန်နီတွေ ပုပ်ကုန်ပြီး အညှောင့်တွေပါ ထွက်နေတာကြောင့် ဈေးလျော့ ရောင်းရတယ်"ဟု ကားသမားတစ်ဦးမှဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၇ရက်နေ့တွင် ကြက်သွန်နီများတင်ထားသည့် ခြောက်ဘီးကားနှစ်စီးမှ ကြ က်သွန်နီများအား အလကားဝေပေးခဲ့‌ကြောင်း မူဆယ် ၁၀၅မိုင် မိုင်းယုကျေးရွာမှဒေသခံများမှဆိုသည်။

တရုတ်- မြန်မာနယ်စပ်ဂိတ်အား COVID-19 ကာကွယ်ရေးအတွက် ဇူလိုင်လဆန်းမှစ၍ပိတ်ထားခြင်းဖြစ်ပြီး တရုတ်အစိုးရမှ နှစ်လ ကြာ ပိတ်ထားမည်ဟုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly