ပိတ်ဆို့မှုတွေကြားက အောင်မြေသာစံပညာရေးသပိတ်

10 August 2021
ပိတ်ဆို့မှုတွေကြားက အောင်မြေသာစံပညာရေးသပိတ်

မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေရဲ့ ပိတ်ဆို့ တားဆီးမှုတွေကြားကပဲ အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းက ဩဂုတ် ၁၀ရက် မနက်က အောင်မြင်စွာ ချီတက်ဆန္ဒပြခဲ့ပါတယ်။ 

အောက်ဆီဂျင်ဖြတ်လူသတ်စစ်တပ် အလိုမရှိ အလိုမရှိ၊ ကိုဗစ် ကိုတောင်မကြောက်တာ အာဏာရူးကိုကြောက်ရမှာလား၊ ကြောက်ခေတ်ကို မှောက်ပစ်၊ ဆိုးညစ်တဲ့စစ်တပ် အမြစ်ဖြတ်၊ အရေးတော်ပုံအောင်ရမည် စတဲ့ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြခဲ့တာပါ။ 

မန္တလေးမြို့မှာ တစ်မြို့နယ်လုံး စစ်တပ်အင်အားအပြည့် ပိတ်ဆို့ထားတယ်လို့လည်း သိရပါတယ်။ 

Video -CJ

-------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly