သြစတေးလျရောက် မဇ္ဈိမကိုထောက်ခံအားပေးသူတွေက ဖမ်းဆီးခံထားရတဲ့ မဇ္ဈိမအဖွဲ့သားတွေ လွတ်မြောက်ရေးနဲ့ မဇ္ဈိမ ၂၃ နှစ်ပြည့် အမှတ်တရပွဲ ပြုလုပ် 

သြစတေးလျရောက် မဇ္ဈိမကိုထောက်ခံအားပေးသူတွေက ဖမ်းဆီးခံထားရတဲ့ မဇ္ဈိမအဖွဲ့သားတွေ လွတ်မြောက်ရေးနဲ့ မဇ္ဈိမ ၂၃ နှစ်ပြည့် အမှတ်တရပွဲ ပြုလုပ် 

သြစတေးလျနိုင်ငံမှာ ရှိနေတဲ့ မဇ္ဈိမမီဒီယာကို ထောက်ခံအားပေးသူတွေက မဇ္ဈိမ ၂၃ နှစ်ပြည့်တဲ့ ဒီနေ့ ဩဂုတ်လ ၉ ရက်နေ့မှာ မဇ္ဈိမရဲ့ တည်ထောင်သူတစ်ဉီးဖြစ်တဲ့ ဒေါ်သင်းသင်းအောင်အပါအဝင် ဖမ်းဆီးခံထားရတဲ့ မဇ္ဈိမအဖွဲ့သားတွေ လွတ်မြောက်ဖို့ ဆုတောင်းခဲ့ကြပါတယ်။ 

"မြန်မာနိုင်ငံထဲက တော်လှန်ရေးမှာ ပါဝင်သူတွေနဲ့ သူတို့ရဲ့ ကြိုးပမ်းမှုတွေအတွက် ထောက်ခံမှုကို ပြသလိုတာရယ်၊ သူတို့ကို ကျွန်မတို့က ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒါ့အပြင် မဇ္ဈိမက ဖမ်းခံထားရသူတွေဖြစ်တဲ့ မသင်းသင်းအောင်၊ ဂျိမ်း အပါအဝင် မြန်မာနိုင်ငံထဲက မတရားဖမ်းဆီးခံရသူတွေ လွတ်မြောက်ဖို့ ဆန္ဒပြုပါတယ်" လို့ စီစဥ်သူတစ်ဦးဖြစ်တဲ့ မအေးဝင်းက ပြောပါတယ် 

အထိမ်းအမှတ်ပွဲကို သြစတေးလျနိုင်ငံ၊ New South Wales ပြည်နယ်မှာရှိတဲ့ Coffs Hatbour မြို့က အရင် မဇ္စျိမရုံးရဲ့ အနောက်ဘက် မြေကွက်လပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မဇ္ဈိမကို ထောက်ခံအားပေးသူတွေဖြစ်တဲ့ သြစတေးလျနိုင်ငံရောက် မအေးဝင်း၊ Kate Leary နဲ့ Ellen Leary တို့က စီစဥ်ကျင်းပတာ ဖြစ်ပါတယ်။ 

"သတင်းလွတ်လပ်ခွင့်ဟာ ဒီမိုကရေစီအတွက် အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ သတင်းလွတ်လပ်ခွင့်မရှိရင် ဒီမိုကရေစီ ရှင်သန်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်မတို့ သတင်းလွတ်လပ်ခွင့်အတွက် မဇ္ဈိမကို ထောက်ခံအားပေးနေတာပါ" လို့ Ellen Leary က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly