မန္တလေး အမှတ် (၁) ရဲစခန်း လက်လုပ်ဗုံးနဲ့ပစ်ခံရ

မန္တလေး အမှတ် (၁) ရဲစခန်း လက်လုပ်ဗုံးနဲ့ပစ်ခံရ

ဩဂုတ်-၉

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ၁၉ လမ်း ၊ လမ်း ၆၀ နဲ့ ၆၁ လမ်းကြားရှိ အမှတ် (၁)နယ်မြေ ရဲစခန်းကိုဩဂုတ်လ ၉ ရက်၊မွန်းလွဲ ၁နာရီကျော်က လက်လုပ်ဗုံးနဲ့ပစ်ခံရတယ်လို့သိရပါတယ်။

ဆိုင်ကယ်နဲ့ လာရောက်ပစ်ပေါက်သွားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာလည်း မရှိဘူးလို့သိရပါတယ်။

"အသံကြားမှသိတာပဲ။အုန်းဆိုတော့ ကျွန်တော်တို့လည်း လန့်သွားတယ်။ဆိုင်ကယ်တွေ ဖြတ်တာလည်း မြင်လိုက်တယ်။"လို့ ရဲစခန်းနားနေထိုင်သူတစ်ဦးကပြောပါတယ်။

အဲဒီလို ပေါက်ကွဲမှုဖြစ်အပြီးမှာ အာဏာသိမ်း လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်တာတွေရှိနေတယ်လို့သိရပါတယ်။

"အဲ့ဒီးနားမှာ အကုန် ပိတ်ထားတယ်။အနောက်ဘက်ကနေ လာလာ အရှေ့က နေလာလာ ပိတ်ထားတယ်။ပြီးတော့ နန်းရှေ့ မြောက်ဘက် တစ်ခြမ်းကို စျေးဘက်ကနေစပြီး အနှိပ်တော်ဘက်ထဲ အထိ။ ကုန်းတန်းဘက် အထိ မြောက်ဖက်တစ်ခြမ်းပတ်နေတယ်။ပရဟိတ သမားတွေလည်း တွေ့ရတယ်။ လူနာရှိမယ် လို့ထင်တယ်။"လို့ မျက် မြင်တစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ ၁၉လမ်းထိပ် ၆၆လမ်းကနေ အရှေ့ထိပ်ထိ လမ်းပိတ်ထားပြီး စစ်ဆေးတာတွေလုပ်နေတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly