ပါကစ္စတန်ရှိ တရုတ်ဓာတ်အားပေး လုပ်ငန်း ပြဿနာများနှင့် ရင်ဆိုင်နေရပြီး အခွန်ကင်းလွတ်ခွင့် ဆိုင်းငံ့ထား

ပါကစ္စတန်ရှိ တရုတ်ဓာတ်အားပေး လုပ်ငန်း ပြဿနာများနှင့် ရင်ဆိုင်နေရပြီး အခွန်ကင်းလွတ်ခွင့် ဆိုင်းငံ့ထား

ပါကစ္စတန်နိုင်ငံ၊ ဂျဟီလမ် မြစ်ပေါ်တွင် တရုတ်ဓာတ်အားပေး ကုမ္ပဏီနှင့် တည်ဆောက်-ပိုင်ဆိုင်-လုပ်ကိုင်-လွှဲပြောင်းသည့် (BOOT) စနစ်ဖြင့် လုပ်ငန်းလုပ်ကိုင်နေသည့် Karot Power Company Ltd (KPCL) က ဆိုးရွားသည့် ပြဿနာများနှင့် ကြုံတွေ့နေရကြောင်းနှင့် အရေးကြီးသည့်အဆင့်တွင် ဖက်ဒရယ်ပြည်တွင်းအခွန်ဌာန (FBR) ၏ အခွန်ကင်းလွတ်ခွင့် ဆိုင်းငံ့ရေး အမိန့်ရရှိရန်လည်း လွန်ခဲ့သည့် လပိုင်းမှစ၍ ကြန့်ကြာနေကြောင်း ပြောကြားသည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) အာဏာပိုင်အဖွဲ့ ဥက္ကဌအာဆင်ဆလမ်ဘတ်ဂျ်ဝါသို့ ပေးပို့သည့် ကန့်ကွက်စာတွင် KPCL ကုမ္ပဏီက ကာရာချိဆိပ်ကမ်းရှိ FBR အာဏာပိုင်များသည် ၎င်းတို့ကုမ္ပဏီက တင်သွင်းမည့် သင်္ဘော ၃ စီးစာ ပစ္စည်းများအတွက် အခွန်ကင်းလွတ်ခွင့် လျှောက်ထားမှုကို အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ ပယ်ချခဲ့ကြောင်း တိုင်ကြားချက်ကို Dawn သတင်းဌာနက ဖော်ပြသည်။

ကင်းလွတ်ခွင့် လျှောက်ထားလွှာကို ဇူလိုင် ၂၈ ရက်တွင် ကန့်ကွက်ခဲ့သောကြောင့် ကုမ္ပဏီအနေဖြင့် ကင်းလွတ်ခွင့်အမိန့်မရဘဲ ဆိပ်ကမ်းမှ ပစ္စည်းများ ထုတ်ယူရေးကို မလုပ်ဆောင်နိုင်သေးသလို စရိတ်များ မြင့်တက်ကာ စီမံကိန်း ပြီးစီးရေးတွင်းလည်း ကြန့်ကြာနေကြောင်း ဖော်ပြထားသည်။

ကုမ္ပဏီသည် ၂၀၀၂ ခုနှစ် စွမ်းအင်မူဝါဒအရ စီမံကိန်းကို အကောင်အထည်ဖော်ခြင်း ဖြစ်သောကြောင့် ဝင်ငွေခွန်အမိန့်ကြေညာချက် ၂၀၀၁ ၏ အပိုင်း ၁ ၏ အပိုဒ် ၁၃၂ အရ အခွန်ကင်းလွတ်ခွင့်ကို တောင်းခံခြင်း ဖြစ်ကြောင်း ကုမ္ပဏီက တောင်းဆိုခဲ့သည်။

ဓာတ်အား ၇၂၀ မဂ္ဂါဝပ် ထွက်ရှိမည့် ရေအားလျှပ်စစ် စီမံကိန်းသည် တည်ဆောက်ရေးကာလ ၅ နှစ်အပါအဝင် နှစ်ပေါင်း ၃၅ နှစ်အတက် အခွန်လျော့ပေါ့့ခွင့် ရရှိထားသည်။ ယင်းစီမံကိန်းကို တရုတ်နိုင်ငံပိုင် တောင်အာရှ၏ China Three Gorges လုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှု လက်ခွဲတစ်ခုဖြစ်သည့် China Three Gorges South Asia Investment Ltd က တည်ဆောက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly