ဆွေးနွေးမှုများ လုပ်နေသော်လည်း အမေရိကန်နှင့် ပါကစ္စတန်တို့၏ ဆက်ဆံရေး စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသေး

ဆွေးနွေးမှုများ လုပ်နေသော်လည်း အမေရိကန်နှင့် ပါကစ္စတန်တို့၏ ဆက်ဆံရေး စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသေး

ပါကစ္စတန်နိုင်ငံလုံခြုံရေး အကြံပေးအရာရှိ မိုအိဒ်ယူဆွတ်နှင့် ထောက်လှမ်းရေးအဖွဲ့များ၏ ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖာအိဇ်ဟာမိဒ်တို့က ကြိုးစားလုပ်ဆောင်နေသော်လည်း ၎င်းတို့အစိုးရနှင့် အမေရိကန်တို့၏ ဆက်ဆံရေးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသေးသည်။

ပါကစ္စတန်အရာရှိ ၂ဦးသည် အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့သော် လည်းအာဖဂန်နစ္စတန်နှင့် တရုတ်ကိစ္စများတွင် ၂ နိုင်ငံအကြား အမြင်များကွဲလွဲနေကြသည်ဟု သံတမန်ရင်းမြစ် တစ်ဦးကို ကိုးကား၍ The Nation သတင်းဌာနက ဖော်ပြခဲ့သည်။

“အာဖဂန်နစ္စတန်နဲ့ တရုတ်တို့နဲ့ ပတ်သက်တဲ့ မတူညီတဲ့အမြင်တွေက အမေရိကန်နဲ့ ပါကစ္စတန်တို့အကြား ဆက်ဆံရေး တင်းမာရတဲ့ အကြောင်းရင်း ဖြစ်နေပါတယ်။ အစည်းအဝေးအပြီးမှာ အမေရိကန် နိုင်ငံလုံခြုံရေအကြံပေးအရာရှိက အာဖဂန်နစ္စတန်နဲ့ပတ်သက်လို့ သူရဲ့တွစ်တာမှာ ရေးခဲ့ပေမယ့် ပါကစ္စတန်က ဒေါက်တာ မိုအိဒ် ယူဆွတ်ကတော့ ဘာမှမရေးခဲ့ဘူး” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောကြားသည်။

ပါကစ္စန်အစိုးရက တာလီဘန်တို့အပေါ် ဖိအားပေးရန် အမေရိကန်က တိုက်တွန်းခဲ့သော်လည်း ပါကစ္စတန်အစိုးရက ၎င်းတို့အနေဖြင့် တာလီဘန်တို့အပေါ် ထိန်းချုပ်ထားခြင်း မရှိကြောင်း ပြောကြားသည်။

ပါကစ္စတန်နှင့် ၎င်း၏ စစ်တပ်က တာလီဘန်နှင့်ဆက်စပ်အဖွဲ့အစည်းများအတွက် ဘေးကင်းခိုလှုံခွင့်ပေးထားချိန် တွင် ယခုဆွေးနွေးမှုများကို လုပ်ဆောင်ခြင်း ဖြစ်သည်။

တာလီဘန်တို့သည် ပါကစ္စတန်စစ်တပ်၏ အကူအညီဖြင့် နန်ဂါရာခရိုင်တွင် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး အာချင်နှင့် ပက်ချာဝါအဂမ်နယ်စပ်ခရိုင်များရှိ လုံခြုံရေးစခန်းများကို သိမ်းပိုက်ခဲ့သည်။

တိုက်ပွဲများအတွင်း သေဆုံးမှုများ မြင့်တက်နေရာ တာလီဘန်တပ်ဖွဲ့ဝင်များနှင့် အယ်လ်ကိုင်ဒါးအပါအဝင် ဆက်စပ်အဖွဲ့ဝင်များကို ပါကစ္စတန်နိုင်ငံ၊ ဘလိုချီစတန်ခရိုင်ရှိ ကက်တာမြို့သို့ ဆေးဝါးကုသရန် ပို့ပေးထားရသည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ အခြေအနေကို တိုးတက်စေရန် နိုင်ငံများအနေဖြင့် ပါကစ္စတန်အား ဆောင်ရွက်ပေးရေးအတွက် တိုက်တွန်းခြင်းကို ရပ်တန့်ကြရန် မိုအိဒ်ယူဆွတ်က ယခင်ကပင် ပြောထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly