ကောလင်းမြို့ ဗုံး၂လုံးပေါက်ကွဲ၊ရဲအရာရှိ ၁ဦးအပါအဝင် ၂ ဦးသေဆုံး

ကောလင်းမြို့ ဗုံး၂လုံးပေါက်ကွဲ၊ရဲအရာရှိ ၁ဦးအပါအဝင် ၂ ဦးသေဆုံး

ဩဂုတ်-၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ကားကြီးဝင်းအနီးမှာ ဒီနေ့ ဩဂုတ် ၉ရက်၊  မနက် ၉ နာရီခွဲဝန်းကျင်က ဗုံးနှစ် လုံးဆက်တိုက် ပေါက်ကွဲခဲ့ပြီး ရဲအရာရှိတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက မဇ္ဈိမကို အတည်ပြုပြောပါတယ်။  

ဗုံးပေါက်ကွဲမှုကြောင့် လတ်တလောမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကောလင်းမြို့ပေါ်မှာကားတွေနဲ့ လှည့်လည်ပြီး ရမ်းသမ်း ပစ်ခတ်တာတွေဆက်တိုက်ပြုလုပ်နေတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ 

အခြေအနေအသေးစိတ်ကိုဆက်လက်စုံစမ်းနေပြီး ရရှိတဲ့သတင်းအချက်အလက်တွေကိုထပ်မံစုစည်းတင်ပြပေးပါမယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly