ဟုမ္မလင်းတွင် SNAက မိုင်းဆွဲတိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေ

By The Nation Voice
08 August 2021
ဟုမ္မလင်းတွင် SNAက မိုင်းဆွဲတိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေ

ဩဂုတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို ရှမ်းနီအမျိုးသားတပ်မတော်(SNA)ကတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း SNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောသည်။

ဟုမ္မလင်းမြို့နယ် နမ့်တောရွာနှင့် ဟဲဖက်ကျေးရွာအကြား၌ ယနေ့ ဩဂုတ် ၈ရက် နေ့လည်ပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ ဖြစ်စဉ်က သူတို့ စစ်ကောင်စီတပ်တွေက စစ်ကြောင်းဝင်လာတာ။ ဝင်လာတော့ လမ်းတစ်ဝက်မှာ ကြားဖြတ်မိုင်းခွဲတိုက်ခိုက်ခဲ့တာ” ဟု ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောသည်။ SNA ဘက်က ထိခိုက်မှုမရှိဟု ၎င်း ကဆိုသည်။

SNAနှင့် စစ်ကောင်စီတပ်တို့သည် ယခုဩဂုတ်လ ၅ရက်ကလည်း ဟုမ္မလင်းမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့ပြင် ဇူလိုင်လနှင့် ဇွန်လတွင်လည်း တိုက်ပွဲအချို့ဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူးကြီးဆေစိုင်းထွန်းက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly