ပုဇွန်တောင်ဈေးအနီး ဆားလင်းဘုန်းကြီးကျောင်းရှေ့ ပေါက်ကွဲမှုဖြစ်ပြီး ရဲ၂ဦးထိခိုက်ဒဏ်ရာရ

ပုဇွန်တောင်ဈေးအနီး ဆားလင်းဘုန်းကြီးကျောင်းရှေ့ ပေါက်ကွဲမှုဖြစ်ပြီး ရဲ၂ဦးထိခိုက်ဒဏ်ရာရ

ဩဂုတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်‌ဈေးအနီး၊ ဆားလင်းဘုန်းကြီးကျောင်းရှေ့ တွင် ယနေ့ ဩဂုတ်လ ၈ ရက် ည‌နေ၅ နာရီဝန်းကျင်း၌ ဗုံးပေါက်ကွဲမှုဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"အခု စစ်သားတွေ ရှုပ်နေတယ်။ မြင်ရတာတော့ ရဲနှစ်ဦးထိတယ်၊ သူတို့ကိုတော့ လူနာတင်ကားနဲ့ ခေါ်သွားပြီ” ဟု မျက်မြင်တွေ့ရသူ တစ်ဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်များက ကြိုသိနေသကဲ့သို့ ပေါက်ကွဲမှုဖြစ်ပွားပြီးပြီးချင်း ချက်ခြင်းရောက်လာခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် အထက်ပုဇွန်တောင်လမ်းမကြီးတွင် စစ်ကောင်စီတပ်များ စစ်ဆေးပိတ်ဆို့မှုများ လုပ်နေခဲ့သည်။

ရန်ကုန်မြို့တွင် ယခုလအတွင်းပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး ယနေ့ တွင် ၃၃ နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် မြို့နယ်အချို့တွင် ဆန္ဒထုတ်ဖော်မှုများ ရှိနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly