မြေပြင်သပိတ်တိုက်ပွဲများ ပိုမိုအားကောင်းစေဖို့နဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအင်အားမြှင့် လုပ်ဆောင်နိုင်ဖို့အတွက် မန္တလေးသပိတ်အင်အားစု

မြေပြင်သပိတ်တိုက်ပွဲများ ပိုမိုအားကောင်းစေဖို့နဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအင်အားမြှင့် လုပ်ဆောင်နိုင်ဖို့အတွက် မန္တလေးသပိတ်အင်အားစု

ဩဂုတ်-၈

မန္တလေးမြို့တွင် မြေပြင်သပိတ်တိုက်ပွဲများ ပိုမိုအားကောင်းစေရန်နဲ့စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအင်အားမြှင့် လုပ်ဆောင်နိုင်ဖို့အတွက် မန္တလေးသပိတ်အင်အားစုကို ဩဂုတ် ၈ရက်နေ့မှာ ဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်။

မန္တလေးမြို့ပေါ်မှာ မြေပြင်သပိတ်တိုက်ပွဲတွေ ပိုမိုအားကောင်းလာတာနဲ့အမျှ စစ်အာဏာရှင် လက်နက်ကိုင်အဖွဲ့ဟာ ပြည်သူလူထုအပေါ်  အကြမ်းဖက် နှိမ်နင်းဖြိုခွင်းမှုတွေ များစွာရှိလာပြီး မြေပြင် သပိတ်စစ်ကြောင်းတွေအပေါ်မှာလည်း ဖိနှိပ်မှုတွေ အင်အားသုံး အကြမ်းဖက် ဖြိုခွင်းမှုတွေ လုပ်လာတဲ့အတွက် အခုလို မန္တလေးသပိတ်အင်အားစုကို ဖွဲ့စည်းရတာလည်းဖြစ်ပါတယ်။

မန္တလေးသပိတ်အင်အားစုမှာ သံဃသမဂ္ဂသပိတ်စစ်ကြောင်း၊မန္တလေးမဟာမိတ်တပ်ပေါင်းစုသပိတ်စစ်ကြောင်း၊မြတောင်သပိတ်စစ်ကြောင်း၊မန္တလာတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများသပိတ်စစ်ကြောင်း၊ချမ်းမြသာစည်မြို့နယ် လူထုသပိတ်စစ်ကြောင်း၊မဟာအောင်မြေမြို့နယ်လူထုသပိတ်စစ်ကြောင်း၊မန္တလေးလူငယ်သပိတ်စစ်ကြောင်း၊အလက(၁၂)ထခွဲ အခြေခံပညာကျောင်းသားများ သမဂ္ဂသပိတ်စစ်ကြောင်းနဲ့LGBT သပိတ်စစ်ကြောင်းတို့ပါဝင်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly