အရှေ့ဥရောပကလည်း တရုတ်ကို ပိုမို သတိထားလာနေကြောင်း လစ်သူယေးနီးယားက ထိုင်ဝမ်ကို သတိပေး

အရှေ့ဥရောပကလည်း တရုတ်ကို ပိုမို သတိထားလာနေကြောင်း လစ်သူယေးနီးယားက ထိုင်ဝမ်ကို သတိပေး

ထိုင်ဝမ်နှင့် သံတမန်ရေးရာ အသေးအဖွဲလေးများကို စတင်လုပ်ဆောင်နေသည့် လစ်သူယေးနီးယားနိုင်ငံက တရုတ်နှင့် ဆက်ဆံရေး စတင်ကင်းကွာလာသည်။

၂၀၂၁ခုနှစ်၊ မေလ နွေဦးကာလတွင် ဗဟိုနှင့် အရှေ့ဥရောပနိုင်ငံများနှင့် တရုတ်အစိုးရက ဖွဲ့စည်းထားသော ၁၇+၁ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ လစ်သူယေးနီးယားနုတ်ထွက်ပြီးနောက်ပိုင်းတွင် ထိုင်ဝမ်ကို လစ်သူယေးနီး ယားက ကိုဗစ်-၁၉ ကာကွယ်ဆေးများပေးပို့ခြင်းနှင့် အပြန်အလှန်ကိုယ်စားလှယ်ရုံးများဖွင့်ခြင်းတို့ ပြုလုပ်ခဲ့သည်။

တရုတ်နှင့် ထိုင်ဝမ်ကို လစ်သူယေးနီးယား၏ ပိုမိုကျယ်ပြန့်သောချဉ်းကပ်မှုသည် တန်ဖိုးအခြေပြု နိုင်ငံခြားရေးမူဝါဒကြောင့် သာမက ဥရောပသမဂ္ဂအား ယင်း၏ လွတ်လပ်သော ပြည်တွင်းမူဝါဒများကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်းကို အချက်ပြခြင်းလည်းဖြစ်နိုင်သည်ဟု နယ်သာလန်နိုင်ငံ Clingendael Institute မှ အကြီးတန်းသုတေသနပညာရှင် အိုကာနိုဟက်ဂျ်မန်းစ် ကပြောကြားခဲ့သည်။

လစ်သူယေးနီးယားနှင့် ထိုင်ဝမ်တို့က မြို့တော်ဗယ်လ်နီအပ်စ်ရှိ တိုင်ပေရုံးသစ်ကို ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုရုံးကဲ့သို့သော အခြားနာမည်မပေးဘဲ အကဲဆတ်သည့် နာမည်ဖြစ်သည့် "ထိုင်ဝမ်ကိုယ်စားလှယ်ရုံး" ဟု အမည်ပေးလိမ့်မည်ဟု ဇူလိုင်လတွင် ကြေညာခဲ့သည်။

“သိသာထင်ရှားတဲ့အချက်က ကိုယ်စားရှယ်ရုံးဆိုတဲ့ စကားလုံးမဟုတ်ပါဘူး။ ဒါက တရားဝင် နည်းလမ်းအရခွင့်ပြုထားတာမဟုတ်တဲ့ ထိုင်ဝမ် သံရုံးတွေအတွက် ပုံမှန်သုံးနေကျအသုံးအနှုန်းပါ။ ဒါပေမယ့် တိုင်ပေ ဒါမှမဟုတ် ထိုင်ဝမ်ဆိုတဲ့ နာမည်ကတော့ နိုင်ငံရေးအရနဲ့ တောင်းဆိုမှုအရတော့ ကြီးမားတဲ့ ပြောင်းလဲမှုပါ” ဟု အကြီးတန်းသုတေသနပညာရှင် အိုကာနိုဟက်ဂျ်မန်းစ် ကပြောကြားခဲ့သည်။

“လစ်သူယေးနီးယားအနေနဲ့ ထိုင်ဝမ်အားရည်ညွန်းပြောဆိုခြင်းက အလွန်အရေးပါတဲ့ ခြေလှမ်းဖြစ်ပြီး တရုတ်အစိုးရကို ပြတ်ပြတ်သားသားဆန့်ကျင်ရာရောက်ပါတယ်” ဟု သူက ဆိုသည်။

၂၀၁၉ ခုနှစ် နွေရာသီတွင် ဟောင်ကောင်ဆန္ဒပြသူများအတွက် မြို့တော်ဗယ်လ်နီအပ်စ်တွင် စုဝေးတစ်ခု အတွင်း လစ်သူယေးနီးယားဆိုင်ရာ တရုတ်သံအမတ်ကြီးက တန်ပြန် ဆန္ဒပြပွဲတစ်ခုပြုလုပ်ရန် တရုတ်နိုင်ငံသားများအား စည်းရုံးခဲ့သည်။

ဆိုဗီယက်အုပ်စိုးမှုကို ဆန့်ကျင်သည့် အမျိုးသားရေး သင်္ကေတတစ်ခုဖြစ်သော လစ်သူယေးနီးယား လက်ဝါး ကပ်တိုင်တောင်ကုန်းပေါ်ရှိ ဟောင်ကောင်ဆန္ဒပြသူများအတွက် ပြုလုပ်ထားသည့် အောက်မေ့ဖွယ် အထိမ်းအမှတ်တစ်ခုကို လအနည်းငယ်အကြာတွင် တရုတ်ခရီးသွားတစ်ဦးက ဖယ်ရှားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်၏ မူလအစသည် တရုတ်နိုင်ငံမှမဟုတ်ကြောင်း ဒေသခံမီဒီယာများကို တရုတ်သံအမတ်က ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် ပြောကြားခဲ့သဖြင့် လစ်သူယေးနီးယားနိုင်ငံသားများက ပိုမို ဒေါသထွက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly