ကိုဗစ် ကူးစက်မှု ပြန်လည်ဖြစ်ပွားလာသည့် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဒေသခံအားလုံးကို ရောဂါ ရှိမရှိ စစ်ဆေးမည်

ကိုဗစ် ကူးစက်မှု ပြန်လည်ဖြစ်ပွားလာသည့် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဒေသခံအားလုံးကို ရောဂါ ရှိမရှိ စစ်ဆေးမည်

တရုတ်နိုင်ငံဝူဟန်မြို့တွင် တစ်နှစ်အတွင်း ပထမဆုံးပြည်တွင်းကူးစက်မှုကို တွေ့ရှိပြီးနောက် ဒေသခံ လူဦးရေ ၁၁ သန်းစလုံးကို ကိုဗစ်-၁၉ စစ်ဆေးမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ရွှေပြောင်းလုပ်သားများအကြား ၇ ဦးတွင် ပြည်တွင်းကူးစက်မှုဖြစ်ပွားနေကြောင်း ကြေညာပြီး နောက်တစ်ရက်တွင် ကိုဗစ်-၁၉ ပထမဆုံးပေါ်ထွက် လာသောမြို့တွင် ရောဂါစစ်ဆေးမှု ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်မည်ဟူသော သတင်းထွက်ပေါ်လာခဲ့သည်။

ဝူဟန်မြို့တွင် နေထိုင်သူများအားလုံးကိုပြည့်စုံသော ခန္ဓာကိုယ်အတွင်းမှ နယူကလိယ အက်စစ်စမ်းသပ်မှုကို လျင်မြန်စွာစတင်နေသည် ဟု အကြီးတန်းအရာရှိ လီတောင်က သြဂုတ်လ ၃ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သြဂုတ်လ ၂ရက်မတိုင်မီက ဝူဟန်မြို့တွင် တစ်နှစ်ကျော်အတွင်းပြည်တွင်းကူးစက်မှုမတွေ့ရှိခဲ့ပေ။

လပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အများအပြားဖြစ်ပွားလာသဖြင့် တရုတ်အစိုးရက တင်းကြပ်သော ကန့်သတ်ချက်များကိုပြန်လည်ထားရှိခဲ့ပြီး အချို့မြို့ကြီးများတွင် နေထိုင်သူများကို အိမ်တွင်နေစေပြီး စမ်းသပ်မှုများအရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

ဝူဟန်တွင် ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် မကြုံစဖူးကန့်သတ်ပိတ်ဆို့မှုများဖြင့် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ခဲ့သည်။

ဝူဟန်ပင်လယ်စာဈေးနှင့် ဆက်စပ်နေသည့် ထမဆုံးတရားဝင်ဗိုင်းရပ်စ်ကူးစက်မှုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်က ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော်ဗိုင်းရပ်စ် ဖြစ်ပွားချိန်အတိအကျနှင့် ဇာစ်မြစ်နှင့်ပတ်သက်ပြီး သံသယဖြစ်ပေါ်လျှက်ရှိခဲ့သည်။

အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီ၏ ရီပတ်ပလီကင်ပါတီ လွှတ်တော်အမတ် မိုက်ကယ် မက်ကောလ်၏ သြဂုတ်လ ၂ရက်က ထုတ်ပြန်သောအစီရင်ခံစာတစ်စောင်တွင် ၂၀၁၉ ခုနှစ်စက်တင်ဘာလအစောပိုင်းက အငြင်းပွားဖွယ်ရာ ဝူဟန်ဗိုင်းရပ်စ်ဗေဒဌာနမှ ကိုဗစ်-၁၉ ယိုစိမ့်ထွက်လာခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly