စစ်ကောင်စီက အများပြည်သူအလုပ်ပိတ်ရက် ထပ်တိုးကြေညာ

စစ်ကောင်စီက အများပြည်သူအလုပ်ပိတ်ရက် ထပ်တိုးကြေညာ

ဩဂုတ် ၇

အာဏာသိမ်းစစ်ကောင်စီက အများပြည်သူအလုပ်ပိတ်ရက်အဖြစ် ဩဂုတ်လ ၉ ရက်မှ ၁၅ရက်အထိ သီတင်းတပတ်ကြာ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း ယနေ့  (ဩဂုတ်  ၇ရက်) ကြေညာသည်။ 

အများပြည်သူ အလုပ်ပိတ်ရက် ရက်ထပ်တိုး သတ်မှတ်ခြင်းမှာ ယခုအကြိမ်အပါအ၀င် သုံးကြိမ်မြောက် ရှိပြီဖြစ်သည်။

COVID-19 ရောဂါကူးစက်မှုအား ဆက်လက်ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိရေးအတွက် သုံးကြိမ်မြောက် ထပ်တိုး သတ်မှတ်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။ 

ထိုသို့ အလုပ်ပိတ်ရက်ထပ်တိုး သက်မှတ်ရာတွင် စစ်ကောင်စီလက်အောက်ခံ ဘဏ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ မပါဝင်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly