ကျောက်ဆည်မြို့နယ်က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရလို့ သေဆုံး

ကျောက်ဆည်မြို့နယ်က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရလို့ သေဆုံး

ဩဂုတ် ၇

ဩဂုတ် ၇ရက်၊မနက် ၁၁နာရီ၊၄၀မိနစ်ကျော်က အကြမ်းဖက် စစ်ကောင်စီခန့် မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်၊ပြည်လုံးနိုင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ထင်အောင် သေနတ်နဲ့အပစ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ထင်အောင်ဟာ ဆိုင်ကယ်မောင်းနှင်ပြီး ရပ်ကွက်ထဲ သွားလာနေစဥ် လမ်းပြကြယ်ကျောင်းအရှေ့ရောက်စဥ် အပစ်ခံရတာလည်း ဖြစ်ပါတယ်။

"ဘယ်လို ပစ်သွားတယ်ဆိုတာတော့ မသိဘူးလေ။ပစ်သံကြားလို့ ထွက်ကြည့်တော့ အုပ်ကြီး လဲနေတာတွေ့တယ်။လမ်းပေါ်က ရှင်းတယ်လေ။အပြင်ထွက်ဖို့က ကန့်သတ်ထားတော့ ရပ်ကွက်တွေက မထွက်ကြဘူး။အခုတော့ သယ်သွားပြီ သူက ဒလန်ဗျ။"လို့ အပစ်ခံရတဲ့ နေရာအနီး နေထိုင်သူတစ်ဦးကပြောပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့တွေက အပစ်ခံရတဲ့နေရာအနီးပတ်ဝန်းကျင်ကို စစ်ဆေးတာတွေလုပ်နေပြီး ကျောက်ဆည်မြို့ အဝင် အထွက်ကိုလည်း တားဆီး ရှာဖွေ စစ်ဆေးတာတွေလုပ်နေတယ်လို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly