စစ်ကောင်စီတပ်များ၏လက်နက်ကြီးကျည်ကြောင့် ကန်ပက်လက်မြို့ နှစ်ခြင်း ဘုရားကျောင်းပျက်စီးမှုဖြစ် 

စစ်ကောင်စီတပ်များ၏လက်နက်ကြီးကျည်ကြောင့် ကန်ပက်လက်မြို့ နှစ်ခြင်း ဘုရားကျောင်းပျက်စီးမှုဖြစ် 

ကန်ပက်လက် - ဩဂုတ် ၈

ချင်းပြည်နယ် ကန်ပက်လက်မြို့ပေါ်သို့ စစ်ကောင်စီတပ်များမှ ယမန်နေ့ ည၈နာရီဝန်းကျင်ခန့်မှစတင်ပြီး လက်နက်ကြီးဖြင့် ထိုးစစ်ဆင်ပစ်ခတ်မှုကြောင့် မြို့ပေါ်နေအိမ်များအနီး လက်နက်ကြီးကျည်များကျရောက်ခဲ့ပြီး ကန်ပက်လက်မြို့ နှစ်ခြင်း ဘုရားကျောင်း မှာတော့ လက်နက်ကြီးကျရောက်မှု့ကြောင့် ထိခိုက်မှုများရှိခဲ့ကြောင်းသိရသည်။

''ညကလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်နေတာ ၈နာရီထဲကနေစပြီး ပစ်တာတစ်ခါမှဒီလိုမဖြစ်ဖူးဘူး၊တဝုန်းဝုန်းနဲ့ပစ်တာ ၁၁နာရီခွဲလောက်မှာတော့ အသံတွေငြိမ်သွားခဲ့တာ။ပြီးတော့ ညဘက်မှာလည်း မီးပျက်သွားတော့ အိမ်တစ်ချို့တွေရဲ့ဘေးတွေနားကို လက်နက်ကြီးကျည် ကျတာလောက်ပဲ သိတာ.အခုမနက်ကျတော့ နှစ်ခြင်း ဘုရားကျောင်းက တော်တော်လေး ထိသွားတယ်လို့ ''ဒေသခံတစ်ဦးကပြောသည်။

အဆိုပါလက်နက်ကြီးပစ်ခတ်မှုသည် ကန်ပက်လက်CDFနှင့် တိုက်ပွဲဖြစ်ခြင်းမျိုး မဟုတ်ဘဲ စစ်ကောင်စီတပ်ဘက်မှ မည်သည့်အကြောင်းကြောင့် ပစ်ခတ်နေခြင်းကိုတော့ မသိရှိရသေးပဲစုံစမ်းနေဆဲဖြစ်သည်။

ကန်ပက်မြို့နယ်CDF အဖွဲ့နှင့် မင်းတပ် (CDF)အဖွဲ့တို့ပူးပေါင်းပြီးစကစ နှင့်တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ဘေးရှောင်များလည်း နီးစပ်ရာရွာများကို ထွက်ပြေးနေရတယ်လို့လည်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly