ဘုန်းကြီးလမ်း ယာဉ်ထိန်းရဲရုံး ပေါက်ကွဲမှုဖြစ်

ဘုန်းကြီးလမ်း ယာဉ်ထိန်းရဲရုံး ပေါက်ကွဲမှုဖြစ်

ဩဂုတ် ၆

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မဟာဗန္ဓုလလမ်းနှင့် ဘုန်းကြီးလမ်းထောင့်ရှိ ယာဉ်ထိန်းရဲရုံးတွင် ယနေ့ (ဩဂုတ် ၆ရက်) ညနေ ၄နာရီ ၃၀မိနစ်၀န်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

"ပေါက်ကွဲတဲ့အသံ ကြားလိုက်တယ်။ ဘယ်နေရာမှန်း ခန့်မှန်းလို့မရဘူး။ ခဏနေတော့ ဘုန်းကြီးလမ်းက အော်ရီဒူး အရောင်းဆိုင်ဘေးက ယာဉ်ထိန်းရဲရုံးဖြစ်နေတာ သိရတယ်" ဟုအနီးအနားရှိ ပြည်သူတစ်ဦးကပြောသည်။

အဆိုပါ ယာဉ်ထိန်းရဲရုံး အနီးတွင် လမ်းမတော်ရဲစခန်း၊လမ်းဘေးလက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်တချို့ရှိသည်။ ပေါက်ကွဲမူကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ရှိမရှိကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly