PDF စခန်းကို Drone နဲ့ ထောက်လှမ်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ပစ်သတ်ခံရလို့ သေဆုံး

PDF စခန်းကို Drone နဲ့ ထောက်လှမ်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ပစ်သတ်ခံရလို့ သေဆုံး

ဩဂုတ် ၆

ရှမ်းပြည်နယ်တောင်ပိုင်းရှိ PDF တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့ တပ်စခန်းကို Drone လွှင့်ပြီး ထောက်လှမ်းရေးလုပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ဖမ်းဆီးရာ လက်မောင်းကို ကျဉ်ထိမှန်ကာ သွေးထွက်လွန်ပြီး သေဆုံးသွားတယ်လို့ (Southern Shan State Generations) တပ်ဖွဲ့က ဒီနေ့ ဩဂုတ်လ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ အသက် ၅၄ နှစ်အရွယ်ရှိပြီး လက်မောင်းမှာ ခမရ (၅၁၆) ဘတ်တံဆိပ်ကိုတွေ့ရတယ်လို့ Southern Shan State Generations အဖွဲ့က ပြောပါတယ်။

“တပ်ကပြေးလာတာလို့ ပြောပါတယ်။ Drone လွင့်ပီး ရှောင်ကွင်းနေရာရှာတာပါလို့ အသက် မထွက်ခင် ပြောသွားတယ်။ ပြေးရင် ပစ်ပီးဖမ်းရမှာက ကျနော် တာဝန် သို့မဟုတ်ရင် ကျနော်တို့လုံခြုံရေးက အရေးကြီး၊ ဆေးတော့ကုပေးတယ်။ သွေးထွက်လွန်ပြီး ဆုံးသွားပြီ” လို့ Southern Shan State Generations က ထုတ်ပြန်ထားပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ လွယ်အိတ်အတွင်း GPS စက်တစ်လုံးကိုပါ တွေ့ရတယ်လို့ အဲဒီအဖွဲ့က ဆိုပါတယ်။

Drone ကိုတော့ ပစ်ခတ်ဖျက်စီးလိုက်ပြီး တပ်ဖွဲ့ဝင်တွေ သတိရှိကြဖို့ Southern Shan State Generations က ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly