ဝိုင်းမော်မှာ စစ်ကောင်စီတပ်တွေ ကင်းလှည့်မှုတိုးမြှင့်

ဝိုင်းမော်မှာ စစ်ကောင်စီတပ်တွေ ကင်းလှည့်မှုတိုးမြှင့်

ဩဂုတ် ၅

ဝိုင်း​မော်မြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်များ ခုကတည်းနေ မြို့ထဲသေနတ်များထမ်းကာ လမ်းလျှောက်သွားလာနေကြတယ်လို့ မျက်မြင်ဒေသခံများက ဆိုပါတယ်။

ညတိုင်း နယ်မြေခံတပ်မှ လက်နက်ကြီး၊ လက် နက်ငယ်များနဲ့ ပစ်ခက်နေတဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၀၀ခန့်က အခုည ရှစ်နာရီမထိုးခင်ကတည်း က သေနတ်များထမ်းကာ မြို့ပေါ် လမ်း​လျှောက်သွားလာ​နေကြ​တယ်လို့ ဆိုပါတယ်။

မြို့တွင်းအချို့နေရာများမှာတော့ စစ်တပ်ဝတ်စုံကို အပြည့်အစုံမဝတ်ဘဲ သွားလာနေကြတယ်လို့ မျက်မြင်တွေ့ရှိခဲ့ရတဲ့ ဒေသခံများက ဆိုပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းတစ်ခုဖြစ်ပြီး၊ ဝိုင်းမော်မြို့တွင်း အခြေ စိုက်ထားတဲ့ နယ်မြေခံတပ်ရင်ဖြစ်တဲ့ အမှတ် ( ၅၈ ) ခြေလျင်တပ်ရင်းမှ လက်နက်ကြီး၊ လက် နက်ငယ်များအပြင် သေနတ်များပါ ပရမ်းပတာ အဆတ်မပြတ် ပစ်ခတ်တာက နှစ်ညဆက်တိုက်ရှိနေပြီး ဖြစ်ပါတယ်။

ဒီလိုပစ်ခတ်မှုများအတွက် နယ်မြေကျေးရွာများဖြစ်ကြတဲ့ မဒိန်နဲ့ လဘန်ကျေးရွာများမှ ဒေသခံ ပြည်သူအချို့ရဲ့နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပြီး အသက်အန္တရာယ်စိုးရိမ်လာတဲ့အတွက် မြို့တွင်းဘေးလွတ်ရာသို့ ထွက်ပြေး ပြောင်းရွေ့လာသူများ ရှိလာနေပြီ ဖြစ်ပါတယ်။

အဆိုပါ နယ်မြေခံတပ်ရင်း (၅၈_ ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှပေးပို့လာတဲ့ စစ်သည်များနဲ့ တပ်တွင်းတစ်တပ်လုံးနီးပါး အင်းအားထပ်မံဖြည့်တင်ထားတယ်လို့လည်း စုံစမ်းသိရှရပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ကချင်လွတ် လပ်ရေးတပ်မတော် KIA မှ လာရောက်တိုက် ခိုက်ခဲ့တဲ့အတွက် ဝိုင်းမော်မြို့တွင်းတပ်ရင် (၅၈) မှ စစ်သည်များက ပြန်လည်ပစ်ခတ်ရခြင်းဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် KIA သတင်းပြန်ကြားရေးဌာနကတော့ KIA တပ်ဖွဲ့ဝင်များအနေနဲ့ စစ်ရေးအရသွားရောက်တိုက်ခိုက်ခဲ့ခြင်း မရှိဘူးလို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly